ယူကရိန်းနိုင်ငံ ပြန်လည်တည်ဆောက်ရေးအတွက် ပူးတွဲရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေတစ်ရပ် ထူထောင်မည့်နှစ်နိုင်ငံသဘာဝသယံဇာတဆိုင်ရာ သဘောတူညီချက်အတွက် ၎င်း၏ပြည်တွင်းရေး လုပ်ထုံးလုပ်နည်းများ ပြီးစီးကြောင်း အတည်ပြုချက်အား မေလ ၁၃ ရက်နေ့က အမေရိကန်သို့ပေးပို့ခဲ့ကြောင်း Interfax-Ukraine သတင်းဌာန၏ဖော်ပြချက်အရသိရသည်။ ယူကရိန်းပထမလက်ထောက် ဝန်ကြီးချုပ်နှင့် စီးပွားရေးဝန်ကြီး Yulia Svyrydenko က Kiev မြို့ရှိ အမေရိကန်သံရုံးမှသံအမတ် Julie Davis အား လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ယူကရိန်း ဓာတ်သတ္တုအရင်းအမြစ်များ၊ သဘာဝဓာတ်ငွေ့နှင့် ရေနံအပေါ်ဘဏ္ဍာငွေဖြင့် တစ်စိတ်တစ်ပိုင်း ငွေကြေး ထောက်ပံ့မည့်ရန်ပုံငွေကို ထူထောင်ရန် သဘောတူညီချက်ကို ဝါရှင်တန်ဒီစီတွင် ဧပြီလ ၃၀ ရက်နေ့က Svyrydenko နှင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bassent တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။ Svyrydenko ၏ အဆိုအရ နှစ်နိုင်ငံလုံးသည် ရန်ပုံငွေအား ပူးတွဲစီမံခန့်ခွဲပြီး ငွေကြေားထောက်ပံ့မည်ဖြစ်ပြီး ယူကရိန်းသည် ၎င်း၏ သတ္တုတွင်းနှင့် စွမ်းအင်ရင်းမြစ်များအပေါ် ပိုင်ဆိုင်မှုကို ထိန်းသိမ်းကာပြီးပြည့်စုံစွာ ထိန်း ချုပ်ထားမည် ဖြစ်ကြောင်းသိရသည်။
Source: Xinhua
Source: https://www.doca.gov.mm