Local News

ဧည့်မထဆန်(သစ်)၊ ဆန်ကွဲနှင့် ဖွဲနု ဈေးများမြင့်တက်၍ ဧည့်မထဆန်(ဟောင်း)နှင့် ပေါ်ဆန်မွှေးဈေးများကျဆင်း

Last Updated:

ပဲခူးကုန်စည်ဒိုင်တွင် ဆန်မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ်တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၉၀၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၇၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၃၀၀၀ဝကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၅၀၀၀ဝ ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၄၈၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၁၆၂၀ဝ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခုအပတ်တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၈၅၀၀၀ ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၇၂၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၂၅၀၀ဝ ကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၅၂၀၀ဝ ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၅၀၀၀ဝ ကျပ်နှင့် ဖွဲနုတစ်အိတ် ၁၆၅၀ဝကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ 
ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၂၀၀၀ ကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၂၀၀ဝကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ်၂၀၀၀ကျပ် ဖွဲနု တစ်အိတ် ၃၀ဝကျပ် ဈေးမြင့်တက်ခဲ့ပြီး ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၅၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၅၀၀ဝကျပ် ကျဆင်းခဲ့ပါသည်။ ဧည့်မထဆန် (မနောသုခ) (သစ်)၊ ဆန်ကွဲ B(1,2) ၊ဆန်ကွဲ B (2,3,4) နှင့်ဖွဲနုဈေးများ မြင့်တက်သွားခြင်းမှာ ဝယ်လိုအား ကောင်းလာ၍ အဝယ်လိုက်လာခြင်းကြောင့် ဈေးမြင့်တက်သွားခြင်းဖြစ်ပြီး ဧည့်မထဆန် (မနော သုခ) (ဟောင်း)နှင့် ပေါ်ဆန်းမွှေးဆန်ဈေးများ ကျဆင်းသွားခြင်းမှာ ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်း ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး
 

Category: Local News