Local News

မွေးမြူရေးအစာစက်ရုံများအဝယ်ရှိ၊ ဈေးကွက်လက်ကျန်နည်း၊ ပြောင်းဖူးစေ့ဈေးမြင့်တက်လာမှုအခြေအနေ

Last Updated:

ပြောင်းဖူးစေ့ကို ပြည်ပတင်ပို့မည့် ကုမ္ပဏီများက ဇွန်လ၊ ဇူလိုင်လများတွင် ဝယ်ယူမှုရှိခဲ့ပြီး ရေလမ်းခရီးဖြင့် မန္တလေးဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းသို့တင်ပို့၍ ပြည်ပသို့ တင်ပို့ခဲ့ကြသည်။ ယခုအခါ ပြည်ပတင်ပို့သည့် ကုမ္ပဏီများမှစာချုပ်အရ တင်ပို့ရမည့်အရေအတွက် ပြည့်မီသွားပြီး ဖြစ်၍ ဝယ်ယူမှုမရှိသေးကြောင်းသိရသည်။ ဩဂုတ်လ ဒုတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ ဗန်းမော်ဘက်မှသာ ပြောင်းဖူးစေ့ အနည်းငယ်ဝင်ရောက်မှုရှိနေပြီး ဈေးကွက်လက်ကျန်နည်းနေကြောင်း၊ မွေးမြူရေးအစာစက်ရုံများမှ ဝယ်လိုအားရှိနေ၍ ပြောင်းဖူးစေ့ဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်းသိရသည်။

ပြောင်းဖူးစေ့(ဗမာ) ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၇၄၀၀၀ မှ ၇၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၆၈၀၀၀ မှ ၆၉၀၀၀၊ ယခင်လကျပ် ၆၅၀၀၀မှ ၆၆၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၆၀၀၀၊ ယခင်လထက် ကျပ် ၉၀၀၀ မြင့်တက်လာသည်။

ပြောင်းဖူးစေ့(ရှမ်း) ၅၄ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၇၆၀၀၀ မှ ၇၈၀၀၀၊ ယခင်တစ်ပတ်/ယခင်လ ကျပ် ၇၁၀၀၀ မှ ၇၂၀၀၀ ဖြစ်ခဲ့သည်။ တစ်အိတ်လျှင် ကျပ် ၅၀၀၀ မှ ၆၀၀၀ မြင့်တက်လာသည်။

ပြောင်းဖူးစေ့(စီပီ) ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၇၆၀၀၀ မှ ၇၈၀၀၀၊ ယခင်တစ်ပတ် ကျပ် ၇၁၀၀၀ မှ ၇၂၀၀၀၊ ယခင်လ ကျပ် ၆၉၀၀၀ မှ ၇၀၀၀၀ ဖြစ်ခဲ့ သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀ မှ ၆၀၀၀၊ ယခင်လထက်ကျပ် ၇၀၀၀ မှ ၈၀၀၀ မြင့်တက်လာခဲ့သည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News