Local News

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင် (၁၀-၈-၂၀၂၄ မှ ၁၆-၈-၂၀၂၄) ရက်နေ့အတွင်းဖြစ်ပေါ်ခဲ့သော ပဲနှင့်အခြားကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2024 Crop) ကျပ် ၃၃၂၄၀၀၀၊ မတ်ပဲ SQ/RC (2024 Crop) ကျပ် ၃၇၂၅၀၀၀ နှင့် ပဲစင်းငုံ Red/ RC(2024 Crop) ကျပ် ၄၃၂၅၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2024Crop) ကျပ် ၁၆၇၀၀၀ နှင့်  မတ်ပဲ SQ/RC (2024 Crop) ကျပ် ၂၀၁၀၀၀ နှင့် ပဲစင်းငုံ Red/RC (2024 Crop ) ကျပ်  ၂၇၅၀၀၀ အသီးသီး ဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့  မတ်ပဲ FAQ/ RC (2024 Crop)  ကွန်တိန်နာ ၇၀ လုံး (တန်ချိန် ၁၆၈၀) နှင့် ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၈၀ လုံး (တန်ချိန် ၁၉၂၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၁၀ လုံး (တန်ချိန် ၂၄၀) ပိုမို ဝင် ရောက်ခဲ့ကြောင်းသိရသည်။  

ငရုတ် 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး (တစ်ပိဿာ) ဈေးနှုန်းများမှာ ပန်းရဲ ငရုတ် (သစ်) AC ကျပ် ၄၅၀၀၊ မြားနီ ကျပ် ၄၀၀၀ ၊ပန်းတနော်ရှည် ကျပ် ၃၅၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၁၅၀၀ နှင့် မြစ်ဝပု ကျပ် ၁၀,၅၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ငရုတ် သီးများ ဈေးငြိမ်လျက်ရှိသည်။  ကုန်စည်ဒိုင်သို့  ယခင်အပတ်က ငရုတ်ရှည် အိတ်ပေါင်း ၁၁၀၀ (၂၂၀၀၀ ပိဿာ)ဝင်‌ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၁၀၅၀ (၂၁၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၅၀ (၁၀၀၀ ပိဿာ) လျော့နည်း ဝင်ရောက်ခဲ့ပြီး ငရုတ်ပုအိတ်ပေါင်း ၁၀၀ (၁၅၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။  

မန်ကျည်းသီး 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၃၆၀၀၊ မန်ကျည်းအသား (သစ်) ကျပ် ၆၄၀၀ နှင့် မန်ကျည်းသီး ရမည်းသင်း ဒါးဇင်း ကျပ် ၃၃၀၀ အသီးသီးဈေး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း  မန်ကျည်းသီးများ ဈေးငြိမ်လျက်ရှိသည်။ 

ထန်းလျက်၊ ကြံသကာနှင့် သကြား 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့်သကြား(တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာ မလိုင်(ဒုံး) ကျပ် ၄၇၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၅၂၀၀၊ ပခုက္ကူကြမ်း ကျပ် ၄၇၀၀၊ ရေစကြို ထန်းလျက်(ချော) ကျပ် ၅၉၀၀၊ ကြံသကာ ကျပ် ၃၁၀၀ နှင့် သကြား (ပြည်တွင်း) ကျပ် ၄၇၅၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တောင်သာ မလိုင် (ဒုံး) ကျပ် ၅၀၊  ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၁၀၀၊ ပခုက္ကူကြမ်း ကျပ် ၁၅၀ အသီးသီး ဈေး မြင့်တက်ခဲ့ပြီး ကျန်အမျိုးအစားများမှာ ဈေးငြိမ်လျက်ရှိသည်။  

ကြက်သွန်နီ

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့်မုံရွာမြို့တို့မှ ကြက်သွန်နီများ နေ့စဉ် ဝင်ရောက်လျက်ရှိရာ ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၂၂၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၂၁၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၂၀၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၅၀၀၊ မုံရွာသစ်ရှယ် ကျပ် ၂၂၀၀၊ မုံရွာလတ်ကြီး ကျပ် ၁၉၅၀၊ မုံရွာလတ်သန့် ကျပ် ၁၈၅၀ နှင့် မုံရွာ လတ်ချော ကျပ် ၁၄၅၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မုံရွာသစ်ရှယ် ကျပ် ၁၅၀၊ မုံရွာလတ်ကြီး ကျပ် ၁၅၀၊ မုံရွာလတ်သန့် ကျပ် ၁၅၀ နှင့် မုံရွာလတ်ချော ကျပ် ၅၀ အသီးသီးဈေးမြင့်တက်ခဲ့ပြီး ကျန် အမျိုးအစားများမှာ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင် ရောက်မှုမှာ ယခင် အပတ် ကားစီးရေ ၁၀၀ စီး(၆၀၀၀၀၀ ပိဿာ)ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၁၀၁ စီး (၆၀၆၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၁ စီး (၆၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။   

ကြက်သွန်ဖြူ 

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့်အောင်ပန်းမြိုတို့မှ ကြက်သွန်ဖြူများ နေ့စဉ် ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ် ကျပ် ၁၅၀၀၀၊ အောင်ပန်းထူး-၂  ကျပ် ၉၅၀၀၊ အောင်ပန်းထူး-၃ ကျပ် ၁၀၀၀၀၊ အောင်ပန်းထူး-၄ ကျပ် ၁၀၅၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၁၁၀၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြူကုတ်ရှယ် ကျပ် ၅၀၀ ဈေးကျဆင်းခဲ့ပြီး ကျန်အမျိုးအစားများမှာ ဈေးငြိမ်လျက်ရှိသည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၄၅၀၀ (၁၃၅၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူအိတ် ၅၉၀၀ (၁၇၇၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက်  ကြက်သွန်ဖြူ အိတ်  ၁၄၀၀ (၄၂၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။ 

Source: ပြည်တွင်းကုန်သွယ်မှုဌာနခွဲ (ရန်ကုန်)

Category: Local News