Local News

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း ရွှေသွယ်ရင်ဆန် ၂၄ ပြည်ဝင် အိတ်ရေ ၈၅၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း ရွှေသွယ်ရင်ဆန် ၂၄ ပြည်ဝင် အိတ်ရေ ၈၅၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကေသီက ပြောပြ၍ သိရသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ရွှေသွယ်ရင် ဆန် ၂၄ ပြည်ဝင် အိတ်ရေ ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး၊ ဩဂုတ် ၁ ရက်မှ ၃၁ ရက် ထိ တစ်လအတွင်း ရွှေသွယ်ရင် ဆန် ၂၄ ပြည်ဝင်အိတ်ရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “မော်လမြိုင်ကျွန်းမြို့နယ်ကနေ ရန်ကုန်ဆန်ဈေးကွက်ကို ပြီးခဲ့တဲ့တစ်လအတွင်း ရွှေသွယ်ရင် ဆန် ၂၄ ပြည်ဝင် အိတ်ရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ဒီဘက်က ဆန်တွေကို ပြည်တွင်းဆန်ဈေး၊ ကွက်က အဝယ်လိုက်နေပါတယ်။ လက်ရှိဒေသထွက် နွေစပါး၊ အဟောင်းတွေကို ဝယ်ယူကြိတ်ခွဲပြီး ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေပါတယ်။ ဆန်ဈေးက အတက်အကျမရှိ ပုံမှန်အခြေအနေမှာ ရှိနေပါတယ်။ ရန်ကုန်ဈေးကွက်က လက်ရှိဩဂုတ်လထဲမှာ မော်လမြိုင်ကျွန်းမြို့နယ်က ဆန်တွေကို မှာယူထားပါတယ်” ဟု မော်လမြိုင်ကျွန်းမြို့နယ် ဆန်စပါးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ကေသီက ပြောပြသည်။

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ရွှေသွယ်ရင်ဆန် ၂၄ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၁၀၅၀၀၀ ထိပေါက်ဈေးရှိကြောင်း၊ အဆိုပါ ဆန်များကို အဆက်မပြတ် တင်ပို့ရောင်းချနေရခြင်းကြောင့် ဆန်အရောင်းအဝယ်လုပ်ငန်းရှင်၊ စိုက်ပျိုးရေး တောင်သူများ၊ ကုန်တင်ကားအငှားလိုက်သူများ၊ ကုန်တင်ကုန်ချလုပ်သားများ လုပ်ငန်းအဆင်ပြေလည်ပတ်လျက်ရှိကြောင်း သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News