စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်ခြင်းအပြင် ရာသီဥတုအခြေအနေအဆင်မပြေမှုကြောင့် ဖေဖော်ဝါရီလတွင် ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က မတ်လ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ သည်။ FAO စားနပ်ရိက္ခာအညွှန်းကိန်းသည် ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက ၁.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ ပြီး ယခင်နှစ်ကထက် ၈.၂ ရာခိုင်နှုန်း မြင့်မားခဲ့သည်။
နို့ထွက်ပစ္စည်း၊ ဟင်းရွက်ဆီနှင့် သကြားတို့သည် ဖေဖော်ဝါရီလတွင် အကြီးမားဆုံးစျေးနှုန်းမြင့်တက်ခဲ့ပြီး အညွှန်းကိန်း၏အကြီးဆုံးအစိတ်အပိုင်းဖြစ်သည့် စပါးနှင့်သီးနှံစျေးနှုန်းများမှာ အနည်း ငယ်မြင့်တက်ကာ အသားဈေးများ ကျဆင်းခဲ့သည်။ ကမ္ဘာ့ဝယ်လိုအား မြင့်တက်မှုကြောင့် နို့ထွက် ပစ္စည်းဈေးသည် ဇန်နဝါရီလကထက် ၄.၀ ရာခိုင်နှုန်း တက်လာခဲ့သည်။ဟင်းသီးဟင်းရွက်ဆီ စျေးနှုန်းအညွှန်းကိန်းသည် ဖေဖော်ဝါရီတွင် ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အညွှန်းကိန်းသည် လွန်ခဲ့သည့် နှစ်ကအဆင့်ထက် ၂၉.၁ ရာခိုင်နှုန်းသို့ တွန်းအားပေးခဲ့သည်။ သကြားသည် လစဉ် သိသိသာသာ တိုး လာပြီး ၆.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အစေ့အဆန်များနှင့် စီရီရယ်ဈေးနှုန်းများသည် အမြတ်များခဲ့ပြီး ၀.၇ ရာခိုင်နှုန်း မြင့်တက် လာခဲ့သည်။ အသားမှာ ကျဆင်းသည့် တစ်ခုတည်းသော အညွှန်းကိန်းဖြစ်ပြီး အဓိကအားဖြင့် ကြက်စျေးနှုန်းများ နိမ့်ကျခြင်းကြောင့် ၀.၁ ရာခိုင်နှုန်း ကျဆင်းသွားသည်။ အသားဈေးနှုန်းများသည် ယခင်နှစ်ကထက် ၄.၈ ရာခိုင်နှုန်း မြင့်မားနေခဲ့ကြောင်းသိရသည်။
Source: https://www.doca.gov.mm