Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်းတင်သွင်းမှု အ​ခြေအနေ

Last Updated:

        ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း  ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ မေလ ၀၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၉၈၇)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၃၆၆) သန်း၊ သွင်းကုန်တန်ချိန် ( ၆၁၇ )၊ ( ၄၀၅၇ ) BBL၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၅၆၆) သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၀ ဒသမ ၉၃၂ သန်း ဖြစ်သည်။ အများဆုံး တင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းမှာ ငါးမျိုးစုံနှင့် ကင်းမွန်၊ ပဂဲ၊ ကဏန်းချေးပုံး၊ ဆီအုန်းစေ့တို့ဖြစ်ပြီး အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပလပ်စတစ်ပုံးပြာ၊ ပီလောပီနံမှုန့်၊ ဆား၊ ကျောက်ချဉ်၊ ဆိုးဆေးရည်၊ ဒီဇယ်၊ ဓာတ်ဆီ၊ ဆာလဖာ၊ ဆိုဒီယမ်ကာဗွန်နိတ်၊ ဆီလီကွန် တို့ဖြစ်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News