Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ၊ မေလ (၆) ရက် နေ့မှ (၁၂) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှု ယခင်နှစ် ကာလတူထက် ပိုမိုဆောင်ရွက်နိုင်

Last Updated:

       ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ မေလ (၆) ရက်နေ့မှ (၁၂) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန် (၃.၆၈၁) ဒေါ်လာသန်း၊ သွင်းကုန် (၁၅.၆၂၅) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၉.၃၀၆) ဒေါ်လာသန်းဖြစ်ပြီး ယခင်နှစ်ကာလတူ၂၀၂၂ ခုနှစ်၊ မေလ (၆) ရက်နေ့မှ (၁၂) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန် (၀.၉၈၅) ဒေါ်လာသန်း၊ သွင်းကုန် (၀.၃၇၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၃၅၅) ဒေါ်လာသန်းဖြစ်၍ ယခင်နှစ်ကာလတူအပေါ် ပို့ကုန် (၂.၆၉၆)‌ ဒေါ်လာသန်းပိုမိုခဲ့ပြီး သွင်းကုန်တွင် (၁၅.၂၅၅) ဒေါ်လာသန်းပိုမိုခဲ့ခြင်းကြောင့် ကုန်သွယ်မှု ပမာဏအနေဖြင့် (၁၇.၉၅၁) ဒေါ်လာသန်း ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။

          ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါကပို့ကုန်ပိုင်းတွင် ဆန်ကွဲ၊ ပြောင်း၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ ပဲယင်း၊ မြေပဲဆံ၊ ပဲကြီး၊ နှမ်းနက်၊ လက်ဖက်ခြောက်၊ ဆီးဖြူသီးခြောက်၊ ချင်း(စို)၊ ရော်ဘာကြမ်း၊ ရော်ဘာ၊ ဝဥခြောက်၊ ရှမ်းနှမ်းစေ့တို့တင်ပို့မှုပိုမိုခဲ့ပြီးသွင်းကုန်ပိုင်းတွင် လုပ်ငန်းသုံးပစ္စည်းအုပ်စု၊ ရင်းနှီးမြှုပ်နှံမှုအုပ်စုနှင့် လူသုံးကုန် အုပ်စုတို့ ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏပိုမိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Source: https://commerce.gov.mm
 

Category: Local News