Local News

စျေးကောင်းရနေသော ခရမ်းချဉ်သီး

Last Updated:

ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံများ ရာသီမရွေးစိုက်ပျိုးနိုင်ပြီး စပါး၊ ပဲ၊ ပြောင်း၊ နှမ်းစသည့်သီးနှံများကို စိုက်ပျိုးသည့်အပြင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ခရမ်းချဉ်သီး သီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ရာသီအလိုက် သီးနှံများအား စိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်သီးကို ရာသီမရွေးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် ပျိုးထောင်စိုက်ပျိုးကြပြီး စိုက်ပျိုးပြီး (၂)လခွဲအချိန်တွင် ခရမ်းချဉ်သီးများ စတင်ခူးဆွတ်နိုင်ပါသည်။ (၁) ဧကကုန်ကျစရိတ်အနေဖြင့် (၅၀၀၀၀၀-၆၀၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ပိဿာ(၂၀၀-၂၅၀) အထိ ထွက်ရှိကြောင်း၊ ယခင်အစောစိုက် ခရမ်းချဉ်သီးများ ထွက်ပေါ်ချိန်တွင် စျေးနှုန်းများ ကောင်းမွန်စွာမရရှိကြောင်း၊ တပေါင်း-တန်ခူး တစ်တောင်းတစ်မူး ဆိုရိုးအတိုင်း (၃-၄)ပိဿာလျှင်(၁၀၀၀)ကျပ် အထိကျဆင်းခဲ့ပါသည်။ ဧပြီလ ဒုတိယပတ်မှစတင်၍ (၁)ပိဿာလျှင် (၈၀၀)ကျပ်မှစ၍ (၁၄၀၀-၁၅၀၀)ကျပ်အထိ စျေးနှုန်းမြင့်တက်ခဲ့သောကြောင့် နောက်ကျ၍ စိုက်ပျိုးသောခရမ်းချဉ်စိုက်တောင်သူများ စျေးကောင်းရရှိကြောင်း၊ မြို့နယ်တွင်း ခရမ်းချဉ်သီးများထွက်ရှိသလို တောင်ကြီး၊ အောင်ပန်း၊ကလောမှ ဝင်ရောက်လာသော ခရမ်းချဉ်သီးများမှာ (၁)ပိဿာလျှင် (၁၈၀၀)ကျပ်အထိ စျေးကွက်အတွင်း ရောင်းဝယ်လျက်ရှိကြောင်း၊ ခရမ်းချဉ်ရောင်းချသူများထံမှ သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News