Local News

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၌ သကြားပြောင်းဖူး စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

Last Updated:

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် မြစ်ခြေမြို့နယ်နှင့် ကမ္မမြို့နယ်များအတွင်းရှိ ကျေးရွာများတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ သကြားပြောင်းဖူးများကို စီးပွားဖြစ်စိုက်ပျိုး ကြကြောင်း၊ မျိုးအနေဖြင့် သကြားပြောင်းဖူးမျိုးများကို ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြပြီး ဇွန်လတွင် စိုက်ပျိုး၍ စက်တင်ဘာလတွင် ထွက်ပေါ်ကြောင်း သိရသည်။ စိုက် ပျိုးထုတ်လုပ်မှုအတွက် မျိုး၊ သွင်းအားစုနှင့် လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၀ သိန်းခန့် ကုန်ကျပြီး သကြားပြောင်းအဖူးရေ ၇၀၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ပြောင်းဖူးအရွယ်အစားနှင့် လတ်ဆတ်မှုအပေါ်မူတည်၍ သကြားပြောင်းတစ်ဖူးလျှင် လက်ကားဈေး ငွေကျပ် ၃၅၀-၅၀၀ နှုန်းဖြင့် ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် ပခုက္ကူ မြို့ပေါ်ရှိ ကုန်စိမ်းသီးနှံပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ပြည်တွင်းစားသုံးမှုမြှင့်မားလျက် ရှိပြီး ဈေးကွက်ခိုင်မာ၍ ဈေးနှုန်းကောင်းမွန်သော သကြားပြောင်းသီးနှံကို ရာသီအလိုက်စိုက် ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိကြောင်း သိရှိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News