Local News

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင် (၈-၁၂-၂၀၂၅ မှ ၁၂-၁၂-၂၀၂၅) ရက်နေ့အတွင်းဖြစ်ပေါ်ခဲ့သော ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူးဈေးနှုန်းများ

Last Updated:

ကြက်သွန်နီ

      ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့်မုံရွာမြို့တို့မှ ကြက်သွန်နီများနေ့စဉ်ဝင်ရောက်လျက် ရှိရာ  ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၁၈၀၀ ၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၁၃၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၇၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၃၅၀ ၊ မုံရွာသစ်ရှယ် ကျပ် ၁၉၀၀၊ မုံရွာလတ်ကြီး ကျပ် ၁၃၀၀၊ မုံရွာလတ်သန့် ကျပ် ၇၀၀ နှင့် မုံရွာလတ်ချော ကျပ် ၃၅၀ အသီးသီး ဈေး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ် ၆၀၀ ၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၃၀၀၊ ဆိပ်ဖြူ လတ်သန့် ကျပ် ၄၀၀ ၊ ဆိပ်ဖြူလတ်ချော ကျပ် ၂၀၀ ၊မုံရွာလတ်ကြီး ကျပ် ၁၀၀ ၊ မုံရွာ လတ်သန့် ကျပ် ၁၀၀ နှင့် မုံရွာလတ်ချော ကျပ် ၂၀၀  အသီးသီး ဈေးမြင့်တက်ခဲ့သည်။ ကုန်စည်ဒိုင်သို့  ကြက်သွန်နီ ဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၁၁၀ စီး (၆၆၀,၀၀၀ ပိဿာ) ဝင်ရောက် ခဲ့ပြီး ယခုအပတ်တွင်  ကားစီးရေ ၁၀၅ စီး  (၆၃၀,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အ ပတ်ထက် ကားစီးရေ ၅ စီး(၃၀,၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။    

ကြက်သွန်ဖြူ 

      ဘုရင့်နောင်ကုန်စည်ဒိုင်သို့အောင်ပန်းမြို့မှ ကြက်သွန်ဖြူများနေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက် သွန်ဖြူ (တစ်ပိဿာ)ဈေးနှုန်းများမှာ ကြက်သွန်ဖြူ(ကြူကုတ်)ကျပ် ၁၇၅၀၀၊ အောင်ပန်းထူး-၂  ကျပ် ၃၅၀၀၊ အောင်ပန်းထူး-၃ ကျပ် ၄၅၀၀၊ အောင်ပန်းထူး-၄ ကျပ် ၅၅၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၆၅၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြက်သွန်ဖြူများ ဈေးငြိမ်လျက်ရှိသည်။ ယခင် အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၃၀၀၀ (၉၀,၀၀၀ ပိဿာ)ဝင်ရောက်ခဲ့ပြီး ယခုအပတ် တွင် ကြက်သွန်ဖြူ အိတ်၂၂၀၀ (၆၆,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူအိတ် ၈၀၀ (၂၄,၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။ 

အာလူး

      ဘုရင့်နောင်ကုန်စည်ဒိုင်သို့  အောင်ပန်းမြိုနှင့် တရုတ်မှ အာလူးများ နေ့စဉ်ဝင်ရောက်လျက်ရှိ ရာ အာလူး (တစ်ပိဿာ) ဈေးနှုန်းများမှာ  အောင်ပန်း OK ကျပ် ၃၃၀၀၊ အောင်ပန်း S1 ကျပ် ၃၆၀၀၊ အောင်ပန်း S2 ကျပ် ၅၃၀၀ နှင့် တရုတ်အာလူး ကျပ် ၅၅၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း အောင်ပန်း OK ကျပ် ၄၀၀၊ အောင်ပန်း S1 ကျပ် ၆၀၀၊ နှင့် တရုတ်အာလူး ကျပ် ၃၀၀ အသီးသီးဈေးမြင့်တက်ခဲ့ပြီး အောင်ပန်း S2 ကျပ် ၆၀၀ ဈေးကျဆင်းခဲ့သည်။ ကုန်စည်ဒိုင်သို့  အာလူး ဝင်ရောက်မှုမှာ ယခင်အပတ်က  ကားစီးရေ ၂၉ စီး (၁၇၄,၀၀၀ ပိဿာ)ဝင်ရောက်ခဲ့ပြီး ယခုအပတ် တွင် ကားစီးရေ ၂၃ စီး (၁၃၈,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သော ကြောင့် ယခင်အပတ်ထက် အာလူးကားစီးရေ ၆ စီး (၃၆,၀၀၀ ပိဿာ)လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။ 

 ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News