မတ်ပဲနှင့်ပဲစင်းငုံ
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲ(တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC (2024 Crop) ကျပ် ၂,၇၃၆,၀၀၀၊ မတ်ပဲ SQ/RC (2024 Crop) ကျပ် ၃,၀၄၆,၀၀၀ နှင့် ပဲစင်းငုံ Red/ RC(2024 Crop) ကျပ် ၂,၅၄၈,၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2024Crop) ကျပ် ၅၄,၀၀၀ နှင့် မတ်ပဲ SQ/RC (2024 Crop)ကျပ် ၄၄,၀၀၀ နှင့် ပဲစင်းငုံ Red/RC (2024 Crop ) ကျပ် ၉၈,၀၀၀ အသီးသီး ဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲ FAQ/RC (2024 Crop) ကွန်တိန်နာ ၇၅ လုံး (တန်ချိန် ၁၈၀၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC(2024 Crop) ကွန်တိန်နာ ၁၅၀ လုံး (တန်ချိန် ၃၆၀၀) ဝင်ရောက်ခဲ့သောကြောင့် ယခင် အပတ်ထက် မတ်ပဲ FAQ/RC (2024 Crop) ကွန်တိန်နာ ၇၅ လုံး (တန်ချိန် ၁၈၀၀) ပိုမိုဝင် ရောက်ခဲ့ကြောင်းသိရသည်။
ငရုတ်
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး (တစ်ပိဿာ) ဈေးနှုန်းများမှာ ပန်းရဲ ငရုတ် (သစ်) AC ကျပ် ၉၅၀၀၊ မြားနီ ကျပ် ၁၀၅၀၀၊ ပျော်ဘွယ်မိုးထောင် ကျပ် ၁၄၅၀၀၊ ဆင်ဖြူ ကျွန်း (ပု) ကျပ် ၃၂၀၀၀ နှင့် မြစ်ဝ (ပု) ကျပ် ၃၀,၀၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ငရုတ်သီးများဈေးငြိမ်လျက်ရှိ သည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ်ရှည် အိတ်ပေါင်း ၁၀၅၀ (၂၁,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၁၃၀၀ (၂၆,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည်အိတ်ပေါင်း၂၅၀(၅,၀၀၀ ပိဿာ) ပိုမိုဝင် ရောက်ခဲ့ကြောင်းသိရသည်။
မန်ကျည်းသီး
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီးပွင့်ကပ် (သစ်) ကျပ် ၅၅၀၀ နှင့် မန်ကျည်းအသား (သစ်) ကျပ် ၁၀၅၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ် အတွင်း မန်ကျည်း ဈေးများငြိမ်လျက်ရှိသည်။
ထန်းလျက်၊ ကြံသကာနှင့် သကြား
ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား(တစ်ပိဿာ) ဈေးနှုန်းများ မှာ တောင်သာမလိုင်(ဒုံး) ကျပ် ၆၃၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၇၃၀၀၊ ပခုက္ကူကြမ်း ကျပ် ၆၄၀၀၊ ရေစကြို ထန်းလျက်(ချော) ကျပ် ၇၅၀၀၊ ကြံသကာ ကျပ် ၄၆၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၄၁၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ထန်းလျက်၊ ကြံသ ကာနှင့် သကြားများ ဈေးငြိမ်လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး