Local News

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၌ ပဲယဉ်းများစတင်ထွက်ပေါ်၍ ဈေးကောင်းရရှိ

Last Updated:

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ စပါး၊ ပဲ၊ ပြောင်းသီးနှံမျိုးစုံအပြင် ပဲယဉ်းသီးနှံကိုလည်း စိုက်ပျိုးကြပြီး စိုက်ဧကစုစုပေါင်း ၅၁၈ ဧက စိုက်ပျိုးထားကြောင်း သိရသည်။ ပဲယဉ်းသီးနှံကို အောက်တိုဘာလဆန်းတွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီလ ဒုတိယပတ်မှစတင်၍ ထွက်ရှိကြောင်း၊ ပဲယဉ်းကြီးမျိုးနှင့် ပဲယဉ်း‌သေးမျိုးများကို အများဆုံးစိုက်ပျိုကြပြီး ကြဲပက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် ပဲယဉ်းတစ်ဧကလျှင် ငွေကျပ် ၂၀၀၀၀၀ ခန့် ကုန်ကျပြီး ၂၀-၂၅ တင်းခန့်ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် တောင်သူများက ကျောက်ဆည်မြစ်သားမြို့ရှိ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချလျက်ရှိပြီး ပွဲရုံများမှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့တို့သို့ တင်ပို့ရောင်းချကြကာ သီးနှံပေါ်စအချိန်တွင် ဈေးနှုန်းကောင်းမွန်လျက်ရှိသောကြောင့် ယခင်နှစ်ထက် အကျိုးအမြတ်ပိုမိုရရှိကြောင်း ပဲယဉ်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

Source: ကြေးမုံသတင်းစာ

Category: Local News