International News

ပါကစ္စတန်နိုင်ငံရှိ CPEC ရေအားလျှပ်စစ်စီမံကိန်း ဆည်အကာအရံတည်ဆောက်ခြင်းလုပ်ငန်း အောင်မြင်စွာပြီးစီး

Last Updated:

        ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ Suki Kinari ရေအားလျှပ်စစ်စီမံကိန်းတွင် ဆည်အကာအရံတည်ဆောက်ခြင်းလုပ်ငန်း အောင်မြင်စွာပြီးစီးခဲ့ကာ တည်ဆောက်ရေးလုပ်ငန်းအဆင့်သစ် ဝင်ရောက်ခြင်း အထိမ်းအမှတ်လည်းဖြစ်ကြောင်း သိရသည်။ Kunhar မြစ်ပေါ်ရှိ ကွန်ကရစ်ဆည်ကို အောင်မြင်စွာကာရံနိုင်ခဲ့ခြင်းဖြင့် ပါကစ္စတန်နိုင်ငံ Khyber Pakhtunkhwa ပြည်နယ် Mansehra ခရိုင်တွင် တည်ရှိပြီး တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) အောက်ရှိ ဓာတ်အားပေးစက်ရုံ တည်ဆောက်မှုလုပ်ငန်းစဉ်ကို အဆင့်မြှင့်တင်ရာ၌ အထောက်အကူဖြစ်စေမည်ဖြစ်သည်။

       အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းကို စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁.၉၆ ဘီလီယံခန့်ဖြင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထိုစီမံကိန်းက ပါကစ္စတန်နိုင်ငံ၏ စွမ်းအင် တည်ဆောက်မှုကို သိသိသာသာ ကောင်းမွန်စေမည်ဖြစ်ကာ နိုင်ငံ၏ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း China Gezhouba Group ကုမ္ပဏီလီမိတက် Suki Kinari ရေအားလျှပ်စစ် စီမံကိန်း လက်ထောက်မန်နေဂျာ Chen Jiangbo က ဆိုသည်။

     CPEC စီမံကိန်းအား လက်တွေ့အသုံးပြုနိုင်ပါက နှစ်စဉ် သန့်စင်သောလျှပ်စစ် ၃.၂၁ ကီလိုဝပ်နာရီခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကာ နှစ်စဉ် ကျောက်မီးသွေးအသုံးပြုမှု တန်ချိန် ၁.၂၈ သန်းကို အစားထိုးနိုင်မည်ဖြစ်ပြီး တစ်နှစ်လျှင် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု တန်ချိန် ၂.၅၂ သန်း လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

Source: https://xinhuamyanmar.com/mm-en/ne-23050160014/

Category: International News