International News

တရုတ်နိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံက RCEP စည်းကြပ်ခွန်များ အကောင်အထည်ဖော်မည်

Last Updated:

       တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံမှ သွင်းကုန်များဆိုင်ရာ ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) သဘော တူညီချက်အရ ၎င်းတို့ကတိပြုထားသော စည်းကြပ်ခွန်နှုန်းထားများကို ယခုနှစ် ဇွန် ၂ ရက်၌ စတင်ကျင့်သုံးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ အကောက်ခွန်စည်းကြပ်ရေးကော်မရှင်က ပြောကြားခဲ့သည်။ နောက်ဆက်တွဲနှစ်များအတွက် နှစ်ပတ်လည်နှုန်းထားများကို နှစ်စဉ် ဇန်နဝါရီလတိုင်း၌ အကောင်အထည်ဖော်သွားမည် ဖြစ်သည်။
      ယခုနှစ် ဇွန် ၂ ရက်၌ ဆောင်ရွက်မည့် အဆိုပါ အပြောင်းအလဲသည် RCEP သဘောတူညီချက်ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံလုံးအတွက် အကျိုးသက်ရောက်မည်ဖြစ်သည်။
RCEP သဘောတူညီချက်ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၅ ရက်၌ အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံ ၁၅ နိုင်ငံဖြစ်သော အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန်စသည့်နိုင်ငံများက ၂၀၁၂ ခုနှစ်မှစတင်၍ ၈ နှစ်ကြာ ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီးနောက် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

Source: https://xinhuamyanmar.com/mm-en/ne-2305016004/

Category: International News