Local News

ကြက်သွန်နီစျေး အနည်းငယ်ကျ

Last Updated:

ပခုက္ကူကုန်စည်ဒိုင်နှင့် ဆိပ်ဖြူကုန်စည်ဒိုင်တွင် ကြက်သွန်နီများဝင်ရောက်၍အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူနှင့် ဆိပ်ဖြူမြို့နယ်တို့ရှိ ကြက်သွန်နီပွဲရုံနှင့် ကြက်သွန်နီ ကုန်စည်ဒိုင်များသို့ ကြက်သွန်နီစိုက်ပျိုးထွက်ရှိသည့် ကျေးရွာများဖြစ်သော ကိုးထောင့်၊ ရေလယ် ကျွန်း၊ သံဇလုံ၊ ဇီးကပ်၊ ရွာသာလေး၊ ချင်းတောင်၊ အောက်ဆိပ်၊ ဂွေးပင်ချောင်း၊ ဆူးလေကုန်း ကျေးရွာများမှ လာရောက်ရောင်းချကြပါသည်။ ကုန်စည်ဒိုင်နှင့် ပွဲရုံများမှတဆင့် ရန်ကုန်၊ ပြည်၊ မန္တလေး၊ ပုသိမ်၊ မော်လမြိုင်၊ မြဝတီ၊ ရခိုင်(စစ်တွေ)ဘက်ထိ ပြန်လည်တင်ပို့ ရောင်းချရပါသည်။

Value Addedအနေဖြင့် အသင့်စားသုံး၍ရသည့် ကြက်သွန်ခြောက်၊ ကြက်သွန်ကြော်များ ပြုလုပ်၍ ပြည်ပစျေးကွက်ထိုးဖောက်နိုင်ရန် လုပ်ငန်းရှင်များကြိုးစားလျက်ရှိပါသည်။ ကြက်သွန်နီစျေးမှာ ယခုနှစ်ဇူလိုင်လတွင် ယခင်လများထက် စျေးအနည်းငယ်ကျလာတဲ့အတွက် စားသုံးသူပြည်သူများ စျေးနှုန်းချိုသာစွာ ဝယ်ယူစားသောက်နိုင်ပါသည်။

ကြက်သွန်နီစျေးနှုန်းများမှာ ဧပြီလတွင် တစ်ပိဿာကျပ်(၂၃၀၀)၊ မေလ တွင် ကျပ် (၂၀၀၀)၊ ဇွန်လတွင် ကျပ်(၁၉၀၀)၊ ဇူလိုင်လတွင် ကျပ်(၁၆၅၀)စျေးအထိ အနည်းငယ်ကျဆင်းလာပြီး တစ်ရက်လျှင် ကြက်သွန်နီအဝင် ပိဿာ(၃၅၀၀၀)မှ(၈၅၀၀၀)ထိနေ့စဉ် ပျှမ်းမျှဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

 

Category: Local News