စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး ကွမ်းများကို ယာကွက်များ၌ လည်းကောင်း၊ နေအိမ်ခြံဝင်းများ၌ လည်းကောင်း စိုက်ပျိုးကြသည်။
ကန့်ဘလူခရိုင်အတွင်း ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးအပေါ်မူတည်၍ ဇူလိုင်လ၊ ဒုတိယပတ်တွင် ကွမ်းရွက် (ရှယ်) တစ်ပိဿာလျှင် ငွေကျပ် ၄,၀၀၀ ဖြင့် လည်းကောင်း၊ ကွမ်းရွက် (ရိုးရိုး) တစ်ပိဿာလျှင် ငွေကျပ် ၁,၅၀၀ ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့နယ်မှ ထွက်ရှိသော ကွမ်းရွက်များကို ကန့်ဘလူမြို့၊ ကျွန်းလှမြို့နှင့် မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချလျက်ရှိပြီး ဇွန်လ၊ နောက်ဆုံးပတ်၌ အရောင်း အဝယ်ဖြစ်သည့် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဇူလိုင်လ၊ ဒုတိယပတ်တွင် ကွမ်းဈေးနှုန်းများကျဆင်း ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။
Source: https://commerce.gov.mm