Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ပို့ကုန်/သွင်းကုန် ကုန်သွယ်နိုင်မှု အခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့မှ (၁၆)ရက်နေ့ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၂၅၂၁)သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၀၆၉)သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၅၉)သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ (၁၅) ရက်နေ့မှ (၁၆) ရက်နေ့ အထိ အဓိကတင်ပို့ ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၁၁၁.၀၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၁၃၆)သန်း၊ ဂျင်းခရု (အရှင်) (၃.၄)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၀၅၂)သန်း၊ ရွှံ့ဂဏန်း(အရှင်) (၃)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၁၈)သန်း၊ ကင်းမွန်ပြုတ်ခြောက် (၀.၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၂)သန်း၊ ဂဏန်း(အသေ)(၃)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၆)သန်း၊ ရေချိုပုစွန်  (၀.၁၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၄)သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၂၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၆၅)သန်း၊ ငှက်ပျောသီး (၅၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၅၉)သန်း၊ ငရုတ်သီးစိမ်း(၃၈.၀၀၇)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၃၁)သန်း၊ ကြက်သွန်နီ (၁၀၂.၅၆)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၈၄)သန်း၊ ဓနိဖက် (၁၈)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၅)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၁၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၉)သန်း၊ ပုစွန်အစာ (၁၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃)သန်း ဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်းမှာ - ငါးမျိုးစုံ (၁၀၂၂.၉၆) ဒေါ်လာနှုန်း၊ (၁၁၁.၀၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၁၃၆) သန်း၊ ဂျင်းခရု (အရှင်) (၁၅၂၉.၄၁) ဒေါ်လာနှုန်း၊ (၃.၄)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၅၂) သန်း၊ ရွှံ့ဂဏန်း (အရှင်) (၃၉၃၃.၃၃) ဒေါ်လာနှုန်း၊ (၃) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၁၈) သန်း၊ ကင်းမွန်ပြုတ်ခြောက် (၄၄၀၀) ဒေါ်လာနှုန်း၊ (၀.၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၂) သန်း၊ ဂဏန်း (အသေ) (၁၂၀၀) ဒေါ်လာနှုန်း၊ (၃) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၆) သန်း၊ ရေချိုပုစွန် (၉၃၃၃.၃၃) ဒေါ်လာနှုန်း၊ (၀.၁၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၄)သန်း၊ ကျောက်ပုစွန်(အရှင်)(၂၆၀၀၀)ဒေါ်လာနှုန်း၊ (၀.၂၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၆၅) သန်း၊ ငှက်ပျောသီး (၃၁၈) ဒေါ်လာနှုန်း၊ (၅၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၅၉)သန်း၊ ငရုတ်သီးစိမ်း (၈၁၅) ဒေါ်လာနှုန်း၊ (၃၈.၀၀၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၁) သန်း၊ ကြက်သွန်နီ (၅၆၉.၄၂) ဒေါ်လာနှုန်း၊ (၁၀၂.၅၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၈၄) သန်း၊ ဓနိဖက် (၁၃၆.၅) ဒေါ်လာနှုန်း၊ (၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၈) သန်း ဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁)တန် ဈေးနှုန်းမှာ - သစ်သီး (၂၆၀) ဒေါ်လာနှုန်း၊ (၁၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၃၉)သန်း၊ ပုစွန်အစာ (၃၀၀) ဒေါ်လာနှုန်း၊ (၁၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၃)သန်း ဖြစ်ပါသည်။

မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ်(၁)စီးလျှင် ကုန်ကျစ်/ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ 

Source: https://commerce.gov.mm

Category: Local News