Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၁၁-၃-၂၀၂၄ မှ ၁၅-၃-၂၀၂၄) အတွင်း ကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2024 Crop) ကျပ် ၃၀၃၀၀၀၀၊ မတ်ပဲ SQ/RC (2024 Crop) ကျပ် ၃၂၆၀၀၀၀ နှင့်  ပဲစင်းငုံ Red/ RC(2024 Crop) ကျပ် ၃၉၀၀၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲFAQ/ RC(2024Crop) ကျပ် ၂၀၀၀၀၊ မတ်ပဲ SQ/RC (2024 Crop) ကျပ် ၂၀၀၀၀ နှင့် ပဲစင်းငုံ Red/RC (2024 Crop) ကျပ် ၄၅၀၀၀ အသီးသီးဈေးကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့  မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၁၄၀ လုံး (တန်ချိန် ၃၃၆၀) နှင့် ပဲစင်းငုံ Red/RC(2024 Crop) ကွန်တိန်နာ ၂၀ လုံး (တန်ချိန် ၄၈၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၁၀၅ လုံး (တန်ချိန် ၂၅၂၀) နှင့် ပဲစင်းငုံ Red/RC(2024 Crop) ကွန်တိန်နာ ၄၀ လုံး (တန်ချိန် ၉၆၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၃၅ လုံး (တန်ချိန် ၈၄၀) နှင့် ပဲစင်းငုံ Red/RC (2024 Crop) ကွန်တိန်နာ ၂၀လုံး (တန်ချိန် ၄၈၀) လျော့နည်းဝင်ရောက်ခဲ့ကြောင်းသိရသည်။  

ငရုတ် 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး (တစ်ပိဿာ) ဈေးနှုန်းများမှာ ပန်းရဲငရုတ်(သစ်) AC ကျပ် ၇၀၀၀၊ မြှားနီ ကျပ် ၇၀၀၀ နှင့် ဆင်ဖြူကျွန်း (ပု) ကျပ် ၁၂၅၀၀ ဈေး အသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ငရုတ်သီးများဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ်ရှည်အိတ်ပေါင်း ၁၁၀၀၀ (၂၂၀၀၀၀ ပိဿာ)နှင့် ငရုတ်ပု အိတ်ပေါင်း ၁၅၀၀  (၂၂၅၀၀ ပိဿာ)  ဝင်‌ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၁၂၅၀၀ (၂၅၀၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၂၅၀၀ (၃၇၅၀၀ ပိဿာ)ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၁၅၀၀ (၃၀၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၁၀၀၀(၁၅၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။  

မန်ကျည်းသီး 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၃၃၀၀၊ မန်ကျည်းအသား (သစ်) ကျပ် ၄၆၀၀ နှင့် မန်ကျည်းသီး ရမည်းသင်း ဒါးဇင်း ကျပ်၃၀၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းသီးများ ဈေးငြိမ်လျက်ရှိသည်။ 

ထန်းလျက်၊ ကြံသကာနှင့် သကြား

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား (တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၄၅၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၅၃၀၀၊ ပခုက္ကူကြမ်း ကျပ် ၅၅၀၀၊ ရေစကြို ထန်းလျက်(ချော)ကျပ် ၅၆၀၀၊ ကြံသကာ ကျပ် ၄၂၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၄၁၇၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တောင်သာ မလိုင်(ဒုံး) ကျပ် ၃၀၀၊ ရေစကြိုထန်းလျက်(ချော) ကျပ် ၃၀၀ ဈေးမြင့်တက်ခဲ့ပြီး  ညောင်ဦးဆေးရှယ် (ထန်း) ကျပ် ၃၀၀ ဈေးကျဆင်းခဲ့သည်။ ကျန်အမျိုးအစားများမှာ ဈေးငြိမ်လျက်ရှိသည်။ 

ကြက်သွန်နီ

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မြစ်သားမြို့တို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ  ကြက်သွန်နီ(တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၂၈၀၀၊ ဆိပ်ဖြူ လတ်ကြီး ကျပ် ၂၇၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၂၆၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၂၂၀၀၊ မြစ်သား သစ်ရှယ် ကျပ် ၃၇၀၀၊ မြစ်သားလတ်ကြီး ကျပ် ၃၇၀၀၊ မြစ်သားလတ်သန့် ကျပ် ၃၆၀၀ နှင့် မြစ်သားလတ်ချော ကျပ် ၂၇၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ် ၄၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၄၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၅၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၄၀၀၊ မြစ်သား သစ်ရှယ် ကျပ် ၂၀၀၊ မြစ်သားလတ်ကြီး ကျပ် ၂၀၀ နှင့် မြစ်သားလတ်သန့်ကျပ် ၁၀၀ အသီးသီးဈေးကျဆင်းခဲ့သည်။ ကုန်စည်ဒိုင်သို့ကြက်သွန်နီ ဝင်ရောက်မှုမှာ ယခင်အပတ်က  ကားစီးရေ ၁၄၇စီး (၈၈၂၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၁၈၀ စီး (၁၀၈၀၀၀၀ ပိဿာ)ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၃၃ စီး (၁၉၈၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။   

ကြက်သွန်ဖြူ 

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့် အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ  နေ့စဉ်ဝင်ရောက် လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ် ကျပ် ၉၇၀၀၊ အောင်ပန်းထူး-၂  ကျပ် ၁၀၀၀၀၊ အောင်ပန်းထူး-၃ ကျပ် ၁၀၅၀၀၊ အောင်ပန်းထူး-၄ ကျပ် ၁၁၀၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၁၁၅၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြူကုတ်ရှယ် ကျပ် ၁၃၀၀ ဈေးမြင့်တက်ခဲ့ပြီး ကျန်အမျိုးအစားများမှာ  ဈေးငြိမ်လျက်ရှိသည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၃၉၀၀ (၁၁၇၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူအိတ် ၃၈၀၀ (၁၁၄၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူအိတ်ရေ ၁၀၀( ၃၀၀၀ ပိဿာ)လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။ 

Source: ပြည်တွင်းကုန်သွယ်မှုဌာနခွဲ (ရန်ကုန်)

Category: Local News