International News

ကုန်စည်အများစုအပေါ် အကောက်ခွန်နှုန်းများကို ဖယ်ရှားတော့မည့် ဩစတြေးလျနိုင်ငံ

Last Updated:

ဩစတြေးလျနိုင်ငံသည် စီးပွားရေးလုပ်ငန်းများအတွက်ကြိုးနီစနစ်ဖယ်ရှားပေးရန်နှင့် အိမ်ထောင်စုများအတွက် နေထိုင်မှုစရိတ်လျှော့ချနိုင်ရန် သွားတိုက်တံ၊ ပေါင်မုန့်မီးကင်စက်၊ အိမ်ထောင်စုသုံး ပစ္စည်းကိရိယာများ၊ အဝတ်အစားများအပါအဝင် သွင်းကုန်အများစုအပေါ် ကောက်ခံသည့် အကောက်ခွန်နှုန်းထားများအား ဖယ်ရှားပေးမည်ဖြစ်ကြောင်း တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါသည်။

ဩစတြေးလျဘဏ္ဍာရေးဝန်ကြီး Jim Chalmer က အကောက်ခွန်များ ဖယ်ရှားလိုက်ခြင်းကြောင့် နှစ်စဉ်ကုန်သွယ်မှုတန်ဖိုး ဩစတြေးလျ ဒေါ်လာ ၈.၅ ဘီလီယံခန့်မှာ ချောမွေ့သွားပြီး စီးပွားရေးလုပ်ငန်းများမှ သတ်မှတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရသည့် ကုန်ကျစရိတ် ဩစတြေးလျ ဒေါ်လာသန်း ၃၀ ခန့်ကို သက်သာစေမည်ဖြစ်ကြောင်း၊ ဇူလိုင်လ ၁ ရက်နေ့မှစ၍ အနှောင့်အယှက်ဖြစ်စေသော အကောက်ခွန်လိုင်းပေါင်း ၅၀၀ ခန့်ကို ဖယ်ရှားသွားမည်ဖြစ်ပြီး ယင်းမှာ ဩစတြေးလျ ကုန်သွယ်မှုစနစ်ပြုပြင်ပြောင်းလဲရေးအတွက် အရေးကြီးသောခြေလှမ်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

လက်ရှိတွင် ကုန်စည်အများစုမှာ ကုန်သွယ်မှုသဘောတူညီချက်များကြောင့် သွင်းကုန်ခွန်ကင်းလွတ်ခွင့်ရသော်လည်း အကောက်ခွန်သက်သာခွင့်ရရှိရေး စီးပွားရေးလုပ်ငန်းများက စည်းမျဉ်းများနှင့်ကိုက်ညီကြောင်းပြသရသည့် ကုန်ကျစရိတ်များကို စားသုံးသူများအား ထည့်သွင်းကောက်ခံ ထားကြပါသည်။

ယခုဆောင်ရွက်မှုသည် နှစ်ပေါင်း ၂၀ အတွင်း အကြီးမားဆုံးသော တစ်ဖက်သတ်အခွန်ပြုပြင် ပြောင်းလဲရေးဖြစ်ပြီး  ဩစတြေးလျ စုစုပေါင်း အကောက်ခွန်နှုန်းများ၏ ၁၄ % ကို ပယ်ရှားသွားမည်ဖြစ်ကြောင်း၊ အကောက်ခွန်လိုင်းအပြည့်အစုံကို မေလတွင်အပြီးသတ် မည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။

Source: Reuters

Source: https://commerce.gov.mm

Category: International News