မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း၊ ပဲစဉ်းငုံသီးနှံသည် ကန့်ဘလူခရိုင်၏ အဓိက စိုက်ပျိုးသီးနှံတစ်ခုဖြစ်ကြောင်း၊ ပဲစဉ်းငုံသီးနှံကို ဇူလိုင်လတွင်စတင်စိုက်ပျိုးပြီး ဇန်နဝါရီလတွင် ရိတ်သိမ်းရကြောင်း၊ မြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းများကွာခြားမှုရှိကြောင်း သိရသည်။
ပဲစဉ်းငုံသီးနှံမျိုးအနေဖြင့် အစေ့အနီရောင်မျိုးနှင့် အစေ့အဖြူရောင်မျိုးဟူ၍(၂)မျိုးရှိပြီး ဈေးနှုန်းအနေဖြင့် မတ်လဒုတိယပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင် ၈၅၀၀၀ ကျပ်နှင့် ပဲစဉ်းငုံဖြူ (၁)တင်းလျှင် ၈၃၀၀၀ ကျပ်ရှိခဲ့ရာ မတ်လ တတိပတ်တွင် ပဲစဉ်းငုံနီ(၁)တင်းလျှင် ၈၄၇၀၀ ကျပ်၊ ပဲစဉ်း ငုံဖြူ(၁)တင်းလျှင် ၈၂၆၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသောကြောင့် ယခုပတ်အတွင်း ပဲစဉ်းငုံ နီ(၁)တင်းလျှင် ၃၀၀ ကျပ်၊ ပဲစဉ်းငုံဖြူ(၁)တင်းလျှင် ၄၀၀ ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ပဲစဉ်းငုံများကို ဒေသတွင်းပွဲရုံများမှတဆင့် ရွှေဘိုမြို့၊ မန္တလေးမြို့တို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
Source: https://www.doca.gov.mm