International News

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၌ ရပ်တန့်နေသော E-commerce ညှိနှိုင်းမှုများအတွက် အမေရိကန်နှင့်အခြားနိုင်ငံအချို့က အဆိုပြုချက်အသစ် တင်ပြခဲ့

Last Updated:

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ဆွေးနွေးပွဲများတွင် ဘရာဇီးနှင့်တူရကီတို့က E-commerce Moratorium သက်တမ်းတိုးခြင်းကို ဆက်လက်ဆန့်ကျင်နေပါက အမေရိကန်နှင့် နိုင်ငံအချို့သည် ၎င်းတို့၏ E-commerce Moratorium သဘောတူညီချက်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

ပြီးခဲ့သည့် မတ်လအတွင်း ကင်မရွန်းနိုင်ငံ၊ Yaounde တွင် ကျင်းပခဲ့သည့် ဝန်ကြီးအဆင့် အစည်းအဝေး၌ Streaming နှင့် Download များအတွက် E-commerce Moratorium ကျင့်သုံးခြင်းကို သက်တမ်းတိုးရန် ပျက်ကွက်ခဲ့ရာ ကမ္ဘာ့ကုန်သွယ်မှုစည်းမျဉ်းများ ချမှတ်နေသောအဖွဲ့တစ်ခု၏ အခန်းကဏ္ဍကို နောက်ဆုတ်သွားစေခဲ့ပါသည်။

(စာကြွင်း။  Moratorium ဆိုသည်မှာ ဂီတသို့မဟုတ်ရုပ်ရှင်များကို တိုက်ရိုက်ထုတ်လွှင့်ခြင်းနှင့် ဆော့ဖ်ဝဲလ်ဒေါင်းလုဒ်လုပ်ခြင်းကဲ့သို့သော နယ်စပ်ဖြတ်ကျော် အီလက်ထရောနစ် ထုတ်လွှင့်ခြင်းများအပေါ် အကောက်ခွန်မကောက်ခံရန် ၁၉၉၈ ခုနှစ်ကတည်းက သဘောတူညီခဲ့ပြီး ၂ နှစ်လျှင် တစ်ကြိမ် ပုံမှန်သက်တမ်းတိုးလျက် အကောက်ခွန်ကို တားမြစ်ထားခြင်းဖြစ်ပါသည်။)

အမေရိကန်၊ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် ဂျပန်အပါအဝင် ဒစ်ဂျစ်တယ်စီးပွားရေးအင်အားကြီးနိုင်ငံများက E-commerce Moratorium ကို အမြဲတမ်းကျင့်သုံးလိုပြီး အမေရိကန်နှင့် ဘရာဇီး၊ တူရကီ တို့ကြား ညှိနှိုင်းရနိုင်ခြေမှာနည်းပါးကြောင်း၊ ထို့ကြောင့် မေလ ၁ ရက်နေ့တွင် အမေရိကန်နှင့် အခြားအဖွဲ့ဝင်နိုင်ငံများက E-commerce Moratorium ကို ဆက်လက်ကျင့်သုံးမည့် အဆိုပြုချက် မူကြမ်းကို တင်ပြထားကြောင်း၊ ယခုအဆိုပြုချက်ကို မေလ ၈ ရက်နေ့မှစ၍ Cosponsor အဖြစ် ပါဝင်သူများက အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း၊ သို့သော် အဖွဲ့ဝင်မည်မျှပါဝင်ကြောင်းနှင့် အချိန်ကာလသတ်မှတ်ချက်လည်းမရှိကြောင်း၊ အမေရိကန်သည် အဓိက ကုန်သွယ်ဖက်များအပါအဝင် နိုင်ငံအချို့ကို E-commerce Moratorium ကျင့်သုံးမည်ဖြစ်ကြောင်း အသိပေးပြီးဖြစ်ကြောင်း၊ E-commerce Moratorium Plurilateral သဘောတူညီချက် ရရှိရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ရေးသားထားသည်။

Source:   https://commerce.gov.mm/

Category: International News