မတ်ပဲနှင့်ပဲစင်းငုံ
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC (2024Crop) ကျပ် ၃၆၉၅၀၀၀၊ မတ်ပဲ SQ/RC(2024 Crop) ကျပ် ၄၀၉၅၀၀၀ နှင့် ပဲစင်းငုံ Red/RC (2024 Crop) ကျပ် ၄၀၅၀၀၀၀ ဈေး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/RC(2024Crop) ကျပ် ၁၅၀၀၀ နှင့် မတ်ပဲ SQ/RC(2024Crop) ကျပ် ၁၅၀၀၀ အသီးသီးဈေးကျဆင်းခဲ့ပြီး ပဲစင်းငုံ Red/ RC (2024Crop) ကျပ် ၁၂၀၀၀ ဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်ကကုန်စည်ဒိုင်သို့ မတ်ပဲ FAQ/RC (2024Crop) ကွန်တိန်နာ ၁၀ လုံး (တန်ချိန်၂၄၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2024Crop) ကွန်တိန်နာ ၆၅ လုံး (တန်ချိန်၁၅၆၀) ဝင်ရောက်ခဲ့သောကြောင့် ယခင် အပတ်ထက် မတ်ပဲ FAQ/RC (2024 Crop) ကွန်တိန်နာ ၅၅ လုံး (တန်ချိန် ၁၃၂၀) ပိုမို ဝင်ရောက် ခဲ့ကြောင်းသိရသည်။
ငရုတ်
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး (တစ်ပိဿာ) ဈေးနှုန်းများမှာ ပန်းရဲ ငရုတ် (သစ်) AC ကျပ် ၆၅၀၀၊ မြားနီ ကျပ် ၆၀၀၀ ၊ ပန်းတနော်ရှည် ကျပ် ၅၅၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၄၀၀၀ နှင့် မြစ်ဝပု ကျပ် ၁၀,၅၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ငရုတ် သီးများ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ်ရှည် အိတ်ပေါင်း ၁၁၀၀ (၂၂၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၅၀ (၇၅၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၁၄၅၀ (၂၉၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၃၅၀ (၇၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၅၀ (၇၅၀ ပိဿာ ) ပိုမိုဝင် ရောက်ခဲ့ကြောင်းသိရသည်။
မန်ကျည်းသီး
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့် ကပ် (သစ်) ကျပ် ၃၆၀၀ နှင့် မန်ကျည်းအသား (သစ်) ကျပ် ၁၁၀၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းအသား (သစ်) ကျပ် ၅၀၀ ဈေးမြင့်တက်ခဲ့သည်။
ထန်းလျက်၊ ကြံသကာနှင့် သကြား
ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့်သကြား (တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၆၆၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၇၂၀၀၊ ပခုက္ကူကြမ်း ကျပ် ၆၆၀၀၊ ရေစကြို ထန်းလျက်(ချော) ကျပ် ၇၅၀၀၊ ကြံသကာ ကျပ် ၅၄၀၀ နှင့် သကြား (ပြည်တွင်း) ကျပ် ၅၁၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တောင်သာမလိုင် (ဒုံး) ကျပ် ၁၀၀၊ ပခုက္ကူကြမ်း ကျပ် ၁၀၀ နှင့် ရေစကြို ထန်းလျက် (ချော) ကျပ် ၅၀၀ ဈေးမြင့် တက်ခဲ့ပြီး ကျန်အမျိုးအစားများမှာ ဈေးငြိမ်လျက်ရှိသည်။
ကြက်သွန်နီ
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မြင်းခြံမြို့တို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက် လျက်ရှိရာ ကြက်သွန်နီ(တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၄၄၀၀ ၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၄၁၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၃၆၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၂၆၀၀၊ မြင်းခြံသစ်ရှယ် ကျပ် ၄၄၀၀၊ မြင်းခြံလတ်ကြီး ကျပ် ၄၁၀၀၊ မြင်းခြံလတ်သန့် ကျပ် ၃၆၀၀ နှင့် မြင်းခြံလတ်ချောကျပ် ၂၆၀၀ အသီးသီး ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ်၃၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၄၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၄၀၀၊ မြင်းခြံသစ်ရှယ် ကျပ် ၃၀၀၊ မြင်းခြံလတ်ကြီး ကျပ် ၂၀၀၊ မြင်းခြံလတ်သန့် ကျပ် ၅၀၀ နှင့် မြင်းခြံ လတ်ချော ကျပ် ၄၀၀ အသီးသီး ဈေးမြင့်တက်ခဲ့သည်။ ကြက်သွန်နီဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၁၂၀ စီး (၇၂၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ ပြီး ယခုအပတ်တွင် ကားစီးရေ ၉၀ စီး (၅၄၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အ ပတ်ထက် ကားစီးရေ ၃၀ စီး (၁၈၀၀၀ ပိဿာ) လျော့နည်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ကြက်သွန်ဖြူ
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ အောင်ပန်းမြို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ အောင်ပန်းထူး - ၂ ကျပ် ၁၃၅၀၀၊ အောင်ပန်းထူး - ၃ ကျပ် ၁၄၅၀၀၊ အောင်ပန်းထူး - ၄ ကျပ် ၁၅၅၀၀ နှင့် အောင်ပန်းထူး - ၅ ကျပ် ၁၆၅၀၀ အသီးသီး ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း အောင်ပန်းထူး -၂ ကျပ် ၅၀၀၊ အောင်ပန်းထူး - ၃ ကျပ် ၅၀၀၊ အောင်ပန်းထူး - ၄ ကျပ် ၅၀၀ နှင့် အောင်ပန်းထူး - ၅ ကျပ် ၅၀၀ အသီးသီးဈေးကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၁၅၀၀ (၄၅၀၀၀ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခု အပတ်တွင် ကြက်သွန်ဖြူအိတ် ၁၄၀၀ (၄၂၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ် ထက် ကြက်သွန်ဖြူအိတ် ၁၀၀ (၃၀၀၀ပိဿာ) လျော့နည်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အာလူး
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တရုတ်မှ အာလူးများနေ့စဉ်ဝင်ရောက်လျက်ရှိရာ အာလူး (တစ် ပိဿာ) ဈေးနှုန်းများမှာ တရုတ်အာလူး ကျပ် ၇၆၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တရုတ် အာလူးများ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ အာလူးဝင်ရောက်မှုမှာ ယခင်အပတ်က ကား စီးရေ ၂၅ စီး (၁၅၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၁၉ စီး (၁၁၄၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၆ စီး (၃၆၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်းသိရသည်။
Source: ပြည်တွင်းကုန်သွယ်မှုဌာနခွဲ (ရန်ကုန်)