Local News

ဆန်ဈေး အနည်းငယ်မြင့်တက်၊ ဆန်ကွဲ၊ ဖွဲနုဈေး ကျဆင်း

Last Updated:

ပဲခူးကုန်စည်ဒိုင်တွင် ဆန်မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ်တွင် ဧည့်မထဆန် (မနောသုခ) တစ်အိတ်လျှင် (၈၅၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ်လျှင် (၁၃၀၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်) တစ်အိတ်လျှင်(၁၀၀၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ(1,2) တစ်အိတ် လျှင် (၅၅၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ(2,3,4) တစ်အိတ်လျှင် (၅၃၀၀ဝိ/-)ကျပ်နှင့် ဖွဲနုတစ်အိတ်လျှင် (၁၆၂၀ဝိ/-)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၁၆.၂.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန် (မနောသုခ)တစ်အိတ်လျှင်(၈၈၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း)တစ်အိတ်လျှင်(၁၃၀၀၀ဝိ/-) ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်) တစ်အိတ်လျှင် (၁၁၀၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ(1,2) တစ်အိတ်လျှင် (၅၃၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ(2,3,4) တစ်အိတ်လျှင် (၅၁၀၀ဝိ/-)ကျပ်နှင့် ဖွဲနုတစ်အိတ်လျှင်(၁၅၆၀ဝိ/-) ကျပ် တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)တစ်အိတ်လျှင် (၃၀၀ဝိ/-) ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်) တစ်အိတ်လျှင် (၁၀၀၀ဝိ/-)ကျပ် ဈေးမြင့်တက်ခဲ့ပြီး ဆန်ကွဲ (1,2) တစ်အိတ်လျှင် (၂၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ (2,3,4) တစ်အိတ်လျှင် (၂၀၀ဝိ/-)ကျပ်နှင့် ဖွဲနုတစ်အိတ် လျှင် (၆၀ဝိ/-) ကျပ်တို့ဖြင့် ဈေးကျဆင်းခဲ့ပါသည်။ ဆန်ဈေးမြင့်တက်သွားခြင်းမှာ ဝယ်လိုအား ကောင်းခြင်း၊ စပါးဈေးမြင့်တက်လာခြင်းကြောင့် ဆန်ဈေးအနည်းငယ် မြင့်တက်လာပြီး ဆန်ကွဲ၊ ဖွဲနု ဈေးကျဆင်းသွားခြင်းမှာ ဝယ်လက်များအဝယ်မလိုက်၍ ဖြစ်ကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News