Local News

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ဖူးစားပြောင်း အဖူးရေ ၁၁၅၀၀၀ ထိ တင်ပို့‌ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ဖူးစားပြောင်းအဖူးရေ ၁၁၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ရေကြည်မြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဖြူဖြူဝင်းက ပြောပြ၍ သိရသည်။ ရေကြည်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ဒေသထွက်ဖူးစားပြောင်းအဖူးရေ ၇၅၀၀၀ သာတင်ပို့ရောင်းချနိုင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ဖူးစားပြောင်း အဖူးရေ ၁၁၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ဇန်နဝါရီလက ရေကြည်မြို့နယ်ကနေ ရန်ကုန်ဈေးကွက်ထဲကို ဖူးစားပြောင်းအဖူးရေ ၁၁၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရေကြည်မြို့နယ်ကနေ ဒေသထွက်ဖူးစားပြောင်းတွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူများပြားနေလို့ အရောင်းအဝယ်ကောင်းခဲ့တာ ဖြစ်ပါတယ်။ ကုန်ပစ္စည်းတွေ များများတင်ပို့ရောင်းချနေရတော့ ကုန်သည်တွေကအစ အလုပ်အကိုင်အခွင့်အလမ်းတွေ ကောင်းလာပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ ဖူးစားပြောင်းတွေက အရည်အသွေးကောင်းပါတယ်” ဟု ရေကြည်မြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ဖြူဖြူဝင်းက ပြောပြသည််။ ရေကြည်မြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များသည် ဒေသထွက်ဖူးစားပြောင်းများကို ဝယ်ယူပြီး ကုန်တင်ကားများဖြင့် ရန်ကုန်ဈေးကွက်သို့ ပြန်လည်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ အဆိုပါဖူးစားပြောင်းအဖူး ၁၀၀၀ လျှင် ငွေကျပ် ၃၁၀၀၀၀ မှ ၃၃၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း ရေကြညမြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဖြူဖြူဝင်းက ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News