Local News

မုံရွာမြို့နယ်၌ ကွမ်းဈေးနှုန်းများ ဆက်လက်ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိ

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာစိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

မုံရွာမြို့နယ်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးအပေါ်မူတည်၍ ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၅,၀၀၀-၇,၀၀၀ ဖြင့်လည်းကောင်း၊ မတ်လပထမပတ်တွင် ငွေကျပ် ၃,၀၀၀-၄,၀၀၀ ဖြင့်လည်းကောင်း၊ မတ်လ ဒုတိယပတ်တွင် ငွေကျပ် ၂,၀၀၀-၂,၅၀၀ ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဆောင်းအကုန် နွေအကူးရာသီချိန်တွင် ကွမ်းအထွက်နှုန်းတိုးလာပြီး ဈေးကွက်အတွင်း ကုန်စည်ဝင်ရောက်မှုများပြားကာ ဈေးနှုန်းများဆက်လက်ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရှိရသည်။

Source: DOCA (စစ်ကိုင်း)

Source: https://commerce.gov.mm

Category: Local News