Local News

မောင်တောကုန်သွယ်ရေးစခန်း၏၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ၁၁ ရက်နေ့ထိ) တင်ပို့/တင်သွင်းမှုအခြေအနေ

Last Updated:

     ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဇူလိုင်လ လျာထားချက်မှာ ပို့ကုန် (၁.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၃၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၀၃၀) ဒေါ်လာသန်းဖြစ်ပြီး ဇူလိုင်လ (၁-၇-၂၀၂၃မှ ၁၁-၇-၂၀၂၃ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၀.၂၆၂) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၈၄) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၀.၃၄၆) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၃၃.၅၉%)ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။

     မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများနှင့်စက်မှုကုန်ချောပစ္စည်းများကို အဓိကတင်ပို့လျက်ရှိပါတယ်။ ဇူလိုင်လ (၁-၇-၂၀၂၃ မှ ၁၁-၇-၂၀၂၃ ထိ)တင်ပို့ခဲ့သည့်ကုန်ပစ္စည်းများမှာ လယ်ယာထွက်ကုန်ပစ္စည်းမှာဂျင်း(အစို) (၈၇၅) တန်၊ တန်ဖိုး (၀.၁၈၆) ဒေါ်လာသန်း၊ ဒညင်းသီး (၁၅.၈)တန်၊ တန်ဖိုး (၀.၀၀၆)ဒေါ်လာသန်း၊ ဇီးသီးခြောက် (၅)တန်၊ တန်ဖိုး(၀.၀၀၁)ဒေါ်လာသန်း၊ ရေထွက်ပစ္စည်းမှာ ငါးမြစ်ချင်း (၄၁.၅၆)တန်၊ (၀.၀၅၃)ဒေါ်လာသန်း၊ ငါးသလောက်(၀.၅)တန်၊ တန်ဖိုး (၀.၀၀၁)ဒေါ်လာသန်း၊ ပုဇွန်ခြောက် (၀.၂)တန်၊ တန်ဖိုး(၀.၀၀၁) ဒေါ်လာသန်း၊ ငါးစုံလေးခြောက်(၁၀)တန်၊ တန်ဖိုး (၀.၀၁၁)ဒေါ်လာသန်း၊ ငါးကုန်းညိုခြောက်(၁)တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ စက်မှုကုန်ချောပစ္စည်းများမှာ ဇီးယိုထုတ် (၅)တန်၊ တန်ဖိုး(၀.၀၀၂)ဒေါ်လာသန်းတင်ပို့ခဲ့ပါသည်။ တင်သွင်းခဲ့သည့်ကုန်ပစ္စည်းများမှာ PVC Pipe(၄၁.၆၅) တန်၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာသန်း၊PVC Tank (၈၄၅) U ၊ တန်ဖိုး (၀.၀၃၄) ဒေါ်လာသန်းတင်သွင်းခဲ့သည်။

    မောင်တောကုန်သွယ်ရေးစခန်းမှ အများဆုံးတင်ပို့သည့် ပို့ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာဂျင်း(အစို) (၁)တန်လျှင်(၂၀၀)ဒေါ်လာ၊ ဒညင်းသီး(၁)တန်လျှင်(၃၀၀)ဒေါ်လာ၊ ငါးသလောက် (၁)တန်လျှင်(၂၀၅၀)ဒေါ်လာဖြစ်ပြီး၊ ငါးစုံလေးခြောက် (၁)တန်လျှင် (၆၃၀)ဒေါ်လာ၊ ဇီးယိုထုတ် (၁)တန်လျှင်  (၃၃၀)ဒေါ်လာ၊ ဇီးသီးခြောက် (၁)တန်လျှင်  (၁၇၀)ဒေါ်လာ၊ PVC Tank (၁) U လျှင်  (၈၄၀၀၀)ကျပ်၊ PVC Pipe (၁) တန်လျှင်(၂၅၂၀၀၀၀) ကျပ်ဈေးနှုန်းရှိသည်။              

   မောင်တောကုန်သွယ်ရေးစခန်းသို့ ကုန်ပစ္စည်းများဝင်ရောက်သည့် ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် စစ်တွေ-ဘူးသီးတောင်-မောင်တောလမ်းကြောင်းနှင့် စစ်တွေ-အငူမော်-မောင်တောလမ်းကြောင်းတို့ဖြစ်ပြီး   ယခုအခါ   စစ်တွေ-  အငူမော်-  မောင်တောလမ်းကြောင်းမှ ကုန်ပစ္စည်းများ   အဓိကဝင်ရောက်လျက်ရှိပြီး ကညင်ချောင်း စီးပွားရေးဇုန်မှတစ်ဆင့် တစ်ဖက်  ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်သို့ တင်ပို့လျက်ရှိသည်။ စစ်တွေမှမောင်တောသို့ အတက်ကုန်ကားခ တစ်ပိဿာ ကုန်ကျစရိတ်အနေဖြင့် ကုန်ကျစ် တစ်ပိဿာကျပ် (၇၀) ကျပ်၊ ကုန်ပွတစ်ပိဿာ ကျပ် (၁၁၀) ကျပ်ဈေးရှိပြီး၊ အဆင်းကုန်ကားခ ကုန်ကျစ် တစ်ပိဿာ ကျပ် (၅၀) ကျပ်နှင့် ကုန်ပွတစ်ပိဿာ ကျပ် (၈၀) ကျပ်ဈေးရှိကြောင်း သိရှိရသည်။

     မောင်တောမြို့တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန် ဈေးနှုန်းများမှာ ပေါ်ဆန်းမွေး (၁) အိတ် (၁၁၅၀၀၀) ကျပ်၊ ဧည့်မထ(၁)အိတ်(၈၅၀၀၀)ကျပ်၊ ကြက်သွန်နီ (၁)ပိဿာ (၂၈၀၀)ကျပ်၊ ကြက်သွန်ဖြူ (၁) ပိဿာ (၈၀၀၀)ကျပ်၊ ငရုတ်သီးခြောက်(၁)ပိဿာ (၁၈၀၀၀)ကျပ်၊ ကြက်ဥ(၃)လုံး(၁၀၀၀)ကျပ်၊ စားအုန်းဆီ(၁)ပိဿာ (၈၀၀၀)ကျပ်။ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေခံစားကုန် ဈေးနှုန်းများမှာဆန် (အဖြူ)(၁)ကီလို (၆၀.၀၀)တာကာ၊ကြက်သွန်နီ(၁)ကီလို (၆၅.၀၀)တာကာ၊အာလူး(၁)ကီလို(၃၉.၀၀) တာကာ၊ခရမ်းချဉ်သီး (၁)ကီလို (၆၅.၀၀)တာကာ၊ကြက်သား (၁)ကီလို (၃၂၅.၀၀)တာကာ၊ကြက်ဥ(၁) ဒါဇင်(၁၄၅.၀၀)တာကာ ဈေးရှိကြောင်းသိရှိရပြီး (၁၀-၀၇-၂၀၂၃)ရက်နေ့(၁၁:၀၀)အချိန် ပြင်ပငွေလဲနှုန်းမှာ(၁) ဒေါ်လာလျှင် (၃၀၄၆) ကျပ်၊ (၁၁၄.၅၀)တာကာ၊ ၁၀၀ ကျပ်လျှင်(၃.၇၆)တာကာ၊ (၁)တာကာလျှင် (၂၆.၆၀)ကျပ် ဖြစ်ပေါ်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News