Local News

မောတောင်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့မှ (၁၁)ရက်နေ့အထိ ကုန်သွယ်မှုအခြေအနေ

Last Updated:

     မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁၀)ရက်နေ့မှ(၁၁)ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၀၉၅၁)ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၀၄) ဒေါ်လာသန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ(၀.၀၉၅၅)ဒေါ်လာသန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့သည်။ မောတောင်ကုန်သွယ်ရေးစခန်းမှ ဇူလိုင်လ (၁၀)ရက်နေ့မှ(၁၁)ရက်နေ့အထိ အဓိကတင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ(၃၄.၉၈၀)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၃၅၈)သန်း၊ ရွံ့ဂဏန်း(အရှင်)(၄.၈၀၀) တန်၊ ကန်ဒေါ်လာ (၀.၀၂၀၂)ဒေါ်လာသန်း၊ ကျောက်ပုဇွန်(အရှင်)(၀.၅၅)တန်၊ ကန်ဒေါ်လာ(၀.၀၁၁၀) ဒေါ်လာသန်း၊ ဂျင်းခရု(အရှင်)(၇.၄၅၀)တန်၊ ကန်ဒေါ်လာ(၀.၀၁၁၂)ဒေါ်လာသန်း၊ တံမြက်စည်း (၁၈၀၀၀)U၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၀၃၆)သန်း၊ ငှက်ပျောသီး(၄၅)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၁၃၄)သန်းတင်ပို့ နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီးများ (၂.၅၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၀၀၄)သန်း တင်သွင်းနိုင်ခဲ့သည်။

   မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်း မှာ- ငါးမျိုးစုံ (၁၀၂၃.၄၄၂)ဒေါ်လာနှုန်း၊ (၃၄.၉၈၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၅၈) သန်း၊ ရွံ့ဂဏန်း (အရှင်) (၄၂၀၈.၃၃၃)ဒေါ်လာနှုန်း၊ (၄.၈၀၀)တန်၊ ကန်ဒေါ်လာ(၀.၀၂၀၂)သန်း၊ ကျောက်ပုဇွန်(အရှင်) (၂၀၀၀၀) ဒေါ်လာနှုန်း၊ (၀.၅၅၀)တန်၊ ကန်ဒေါ်လာ(၀.၀၁၁၀)သန်း၊ ဂျင်းခရု(အရှင်) (၁၅၀၃.၃၅၆) ဒေါ်လာနှုန်း၊ (၇.၄၅၀)တန်၊ ကန်ဒေါ်လာ(၀.၀၁၁၂)သန်း၊ တံမြက်စည်း(၀.၂)ဒေါ်လာနှုန်း၊ (၁၈၀၀၀)U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၆)သန်း၊ ငှက်ပျောသီး (၂၉၇.၇၈)ဒေါ်လာနှုန်း၊ (၄၅)တန်၊ ကန်ဒေါ်လာ (၀.၀၁၃၄) ဒေါ်လာသန်းဖြစ်သည်။

     မောတောင်ကုန်သွယ်ရေးစခန်းမှ  အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏(၁)တန် ဈေးနှုန်းမှာ - သစ်သီး(၁၆၀)ဒေါ်လာနှုန်း၊ (၂.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၄) သန်းဖြစ်သည်။ မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ်(၁)စီးလျှင် ကုန်ကျစ်(၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ(၆၀၀,၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ်-တနင်္သာရီ-မောတောင် ကုန်သွယ်မှုလမ်းကြောင်းမှာ ကောင်းမွန်လျက်ရှိသည်။

    မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ်အသုံး ပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၁၀-၇-၂၀၂၃)ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ်(၁၁၄၀)၊ (၁)ဘတ်လျှင် မြန်မာငွေကျပ်(၈၇.၇၂)ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သုံးသပ်သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News