Local News

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ငါးပြေမပိဿာချိန် ၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ငါးပြေမပိဿာချိန် ၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မိုးမိုးခိုင်က ပြောပြသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇွန်လအတွင်း ငါးပြေမပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ငါးပြေမပိဿာချိန် ၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ဒေသထွက် ငါးပြေမတွေကို ရန်ကုန်ဈေးကွက်က မှာယူမှုများခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ငါးပြေမပိဿာချိန် ၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လတွေထက် ပိဿာချိန်တော်တော်များများ ပိုမိုတင်ပို့ရောင်းချခဲ့ရပါတယ်။ ဘိုကလေးမြို့နယ်ကနေ ငါးပြေမအပါအဝင် ရေထွက်ကုန်မျိုးစုံကို ရန်ကုန်ဈေးကွက်ကိုပဲ အများဆုံးတင်ပို့ရောင်းချတာဖြစ်ပါတယ်။ ဝယ်လိုအားကောင်းပြီး ဈေးကတော့ ပုံမှန်အနေအထားမှာပဲရှိပါတယ်။ ငါးပြေမကတော့ အများဆုံးတင်ပို့ရပါတယ်” ဟု ဘိုကလေးမြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မိုးမိုးခိုင်က ပြောပြသည်။ ဘိုကလေးမြို့နယ်တွင် ငါးပြေမများကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိပြီး အဆိုပါ ငါးပြေမ ၁၀ ပိဿာလျှင် ငွေကျပ် ၁၅၅၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News