Local News

မြေပဲဆန်စျေးအနည်းငယ်တက်

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်း မကွေးကုန်စည်ဒိုင်၌ သီးနှံမျိုးစုံဝင်ရောက်၍ အရောင်း အဝယ်ဖြစ်လျှက်ရှိပါသည်။ မြေပဲပေါ်ချိန်ဖြစ်၍ ကုန်စည်ဒိုင်သို့ မြေပဲအနီဆန်၊ မြေပဲအဖြူဆန်နှင့် မြေပဲတောင့်များ အနီးဝန်းကျင်ရှိ မြေပဲစိုက်ပျိုးသည့် ကျေးရွာများမှလာရောက် ရောင်းချသည့် အတွက်  အရောင်းအဝယ်သွက်နေပါသည်။ မြေပဲဆန်စျေးနှုန်းမှာ ယခင်တစ်ပတ်ထက် အနည်း ငယ် စျေးမြင့်တက်ကာ အရောင်းအဝယ်ဖြစ်နေပါသည်။ မြေပဲဆံစျေးနှုန်းများအနေဖြင့် ယခင်အပတ်တွင် မြေပဲဆန်(အနီ) တစ်ပိဿာ ကျပ် (၈၅၀၀)၊ မြေပဲဆန်(အဖြူ) တစ်ပိဿာ ကျပ်(၈၇၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအ ပတ်တွင် မြေပဲဆန်(အနီ) တစ်ပိဿာ ကျပ်(၈၈၀၀)၊  မြေပဲဆန်(အဖြူ) တစ်ပိဿာ ကျပ်(၈၉၀၀) စျေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည့်အတွက် ယခင်အပတ်နှင့် ယခုအပတ် စျေးနှုန်းနှိုင်းယှဉ်ပါ က မြေပဲဆန် (အနီ)တစ်ပိဿာလျှင် ကျပ်(၃၀၀)၊  မြေပဲဆန်(အဖြူ) တစ်ပိဿာလျှင် ကျပ်(၂၀၀) တို့ စျေးအနည်းငယ်တက်လာသဖြင့် တောင်သူများအတွက် အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News