Local News

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ပဲမျိုးစုံနှင့် အခြားကုန်စည်များ (ယခင်အပတ်နှင့် ယခုအပတ် ဈေးကွက်/ဈေးနှုန်း နှိုင်းယှဉ်မှု အခြေအနေ)

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲ(တစ်တန်)ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC(2024 Crop) ၃၉၁၅၀၀၀ ကျပ်၊ မတ်ပဲ SQ/RC(2024 Crop) ၄၃၃၀၀၀၀ ကျပ်နှင့် ပဲစင်းငုံ Red/RC(2024 Crop)၄၉၀၀၀၀၀ကျပ် ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2024 Crop)၂၀၀၀ ကျပ်၊ မတ်ပဲ SQ/RC (2024 Crop) ၁၀၀၀၀ ကျပ်နှင့် ပဲစင်းငုံ Red/RC (2024 Crop) ၁၀၀၀၀၀ ကျပ် အသီးသီးဈေးကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့  မတ်ပဲ FAQ/ RC (2024 Crop) ကွန်တိန်နာ၂၀၅လုံး(တန်ချိန်၄၉၂၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2024 Crop) ကွန်တိန်နာ၄၀လုံး(တန်ချိန်၉၆၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၁၆၅ လုံး (တန်ချိန် ၃၉၆၀) လျော့နည်း ဝင်ရောက်ခဲ့ ကြောင်း သိရသည်။  

ငရုတ် 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး (တစ်ပိဿာ) ဈေးနှုန်းများမှာ ပန်းရဲ ငရုတ် (သစ်) AC ကျပ် ၆၅၀၀၊ မြားနီ ကျပ် ၆၀၀၀ ၊ပန်းတနော်ရှည် ကျပ် ၅၅၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၁၀၀၀ နှင့် မြစ်ဝပု ကျပ် ၁၀၅၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ငရုတ် သီးများ ဈေးငြိမ်လျက်ရှိသည်။  ကုန်စည်ဒိုင်သို့  ယခင်အပတ်က ငရုတ်ရှည် အိတ်ပေါင်း ၁၁၅၀ (၂၃၀၀၀ ပိဿာ)နှင့် ငရုတ်ပု အိတ်ပေါင်း ၁၅၀ (၂၂၅၀ ပိဿာ) ဝင်‌ရောက်ခဲ့ ပြီး ယခုအပတ်တွင် ငရုတ်ရှည်အိတ်ပေါင်း ၇၀၀ (၁၄၀၀၀ ပိဿာ)ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည်အိတ်ပေါင်း ၄၅၀ (၉၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ပြီး ငရုတ်ပုအိတ်ပေါင်း ၁၅၀ (၂၂၅၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။  

မန်ကျည်းသီး 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၃၆၀၀၊ မန်ကျည်းအသား (သစ်) ကျပ် ၆၅၀၀ နှင့် မန်ကျည်းသီး ရမည်းသင်း ဒါးဇင်း ကျပ် ၃၃၀၀ အသီးသီးဈေး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း  မန်ကျည်းသီးများ ဈေးငြိမ် လျက်ရှိသည်။ 

ထန်းလျက်၊ ကြံသကာနှင့် သကြား 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့်သကြား(တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာ မလိုင်(ဒုံး) ကျပ် ၅၉၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၄၅၀၀၊ ပခုက္ကူကြမ်း ကျပ် ၅၇၀၀၊ ရေစကြို ထန်းလျက်(ချော) ကျပ် ၆၀၀၀၊ ကြံသကာ ကျပ် ၃၁၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၅၀၀၀ ဈေးအသီးသီး ဖြစ်ခဲ့ သည်။ တစ်ပတ်အတွင်း တောင်သာမလိုင် (ဒုံး) ကျပ် ၁၀၀၊ ရေစကြိုထန်းလျက်(ချော) ကျပ် ၂၀၀ နှင့် ပခုက္ကူ ကြမ်း ကျပ် ၁၀၀ အသီးသီး ဈေးမြင့်တက်ခဲ့ပြီး ကျန်အမျိုးအစားများမှာဈေးငြိမ်လျက်ရှိသည်။  

ကြက်သွန်နီ

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မုံရွာမြို့တို့မှကြက်သွန်နီများ နေ့စဉ် ဝင်ရောက် လျက်ရှိရာ  ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၂၃၀၀ ၊ ဆိပ်ဖြူလတ် ကြီး ကျပ် ၂၂၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၁၉၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၄၀၀၊ မုံရွာသစ်ရှယ် ကျပ် ၂၁၀၀၊ မုံရွာလတ်ကြီး ကျပ် ၂၀၀၀၊ မုံရွာလတ်သန့် ကျပ် ၁၇၀၀ နှင့် မုံရွာလတ်ချော ကျပ် ၁၃၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ် ၂၀၀ ၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၁၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၁၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၀၀ ၊မုံရွာသစ်ရှယ် ကျပ် ၃၀၀၊ မုံရွာလတ်ကြီး ကျပ်၁၀၀၊ မုံရွာလတ်သန့် ကျပ် ၃၀၀နှင့် မုံရွာလတ်ချော ကျပ် ၃၀၀ အသီးသီးဈေး မြင့်တက်ခဲ့သည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၉၁စီး (၅၄၆၀၀၀ ပိဿာ) ဝင် ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၁၂၁ စီး (၇၂၆၀၀၀ ပိဿာ) ဝင် ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၃၀ စီး (၁၈၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ ကြောင်း သိရသည်။   

ကြက်သွန်ဖြူ 

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့်အောင်ပန်းမြိုတို့မှ ကြက်သွန်ဖြူများ  နေ့စဉ် ဝင် ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ် ကျပ် ၁၅၈၀၀၊ အောင်ပန်းထူး-၂  ကျပ် ၉၀၀၀၊ အောင်ပန်းထူး-၃ ကျပ် ၁၀၅၀၀၊ အောင်ပန်းထူး-၄ ကျပ် ၁၁၀၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၁၁၅၀၀ အသီးသီး ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြူကုတ်ရှယ် ကျပ် ၁၂၀၀ နှင့် အောင်ပန်းထူး-၂  ကျပ် ၅၀၀ ဈေးမြင့်တက်ခဲ့ပြီး ကျန်အမျိုးအစားများမှာ ဈေး ငြိမ်လျက်ရှိသည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူ အိတ် ၃၁၀၀ (၉၃၀၀၀ ပိဿာ) ဝင်ရောက် ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူအိတ် ၁၆၀၀ (၄၈၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သော ကြောင့် ယခင်အပတ်ထက်  ကြက်သွန်ဖြူ အိတ်  ၁၅၀ (၄၅၀၀၀ ပိဿာ ) လျော့နည်းဝင်ရောက် ခဲ့ကြောင်း သိရသည်။ 

Source: ပြည်တွင်းကုန်သွယ်မှုဌာနခွဲ (ရန်ကုန်)

Category: Local News