Local News

စစ်တွေကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၇)ရက်နေ့မှ (၁၃)ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန်အမေရိကန် ဒေါ်လာ(၀.၃၄၉၃)သန်းနှင့် သွင်းကုန်အမေရိကန်ဒေါ်လာ (၀.၀၀၂၃)သန်း၊ ကုန်သွယ်မှုပမာဏအမေရိကန် ဒေါ်လာ (၀.၃၅၁၆)သန်း ဆောင်ရွက်နိုင်မှုရှိကြောင်း သိရှိရပါသည်။

တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအနေဖြင့်မန်ကျည်းစေ့(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၀၀) နှုန်းဖြင့် (၃၀၇)တန်၊ တန်ဖိုး (၀.၀၃၀၇) ဒေါ်လာသန်း၊  ဆီးဖတ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၁၅) နှုန်းဖြင့် (၈၇)တန်၊ တန်ဖိုး (၀.၀၁၀၀) ဒေါ်လာသန်း၊ အုန်းသီးခြောက် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၀၀)နှုန်းဖြင့် (၃၄)တန်၊ တန်ဖိုး (၀.၀၁၀၂) ဒေါ်လာသန်း၊ငါးမြစ်ချင်း(၁-၂) (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၁၂၅၀)နှုန်းဖြင့် (၇၁.၇၆)တန်၊ တန်ဖိုး (၀.၀၈၉၇) ဒေါ်လာသန်း၊ ငါးမြစ်ချင်း(၂-၃) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၈၀)နှုန်းဖြင့် (၇၀.၂၇၂)တန်၊ တန်ဖိုး (၀.၀၈၉၉) ဒေါ်လာသန်း၊ ငါးမြစ်ချင်း(၃-၅) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၃၂၀)နှုန်းဖြင့် (၄၄.၈၈)တန်၊ တန်ဖိုး (၀.၀၅၉၂) ဒေါ်လာသန်း၊ ငါးသိုင်းခေါင်းပွ(၅-၈)(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၁၂၆၀)နှုန်းဖြင့် (၁၅.၅၀၄)တန်၊ တန်ဖိုး (၀.၀၁၉၆) ဒေါ်လာသန်းနှင့် ငါးသိုင်းခေါင်းပွ(၈ ကီလိုအထက်)(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၄၀၀)နှုန်းဖြင့် (၁၁.၇၆)တန်၊ တန်ဖိုး (၀.၀၁၆၅) ဒေါ်လာသန်းနှင့်ဇီးယိုထုပ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၂၅၀) နှုန်း ဖြင့် (၉၄)တန်၊ တန်ဖိုး (၀.၀၂၃၅) ဒေါ်လာသန်းတို့ကို တင်ပို့နိုင်ခဲ့ပြီးသွင်းကုန်ပစ္စည်းများအနေဖြင့် T-Shirt (၂၅၀၀) U ၊ တန်ဖိုး (၀.၀၀၂၃) ဒေါ်လာသန်းတင်သွင်းနိုင်ခဲ့ပါသည်။

ဒေါ်လာငွေလဲနှုန်းအနေဖြင့် (၁)ဒေါ်လာလျှင် (၁၁၇.၂၀)တာကာနှင့် (၁)တာကာလျှင် (၂၈.၃၀) ကျပ် ဖြစ်ကြောင်း သိရှိရပါသည်။ ကုန်ပစ္စည်းသယ်ယူစရိတ်သည် ရန်ကုန်-စစ်တွေကားခမှာ ကုန်ကျစ်(၁)ပိဿာ (၃၅၀)ကျပ်နှင့်ကုန်ပွ(၁)ပိဿာလျှင်(၄၀၀-၄၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။ စစ်တွေ-တက္ကနပ်ဖ် သင်္ဘော တင်ခမှာ (၁)ပိဿာလျှင် ကုန်ကျစ် (၁၁၀)ကျပ်ခန့်နှင့် ကုန်ပွ (၁၂၀)ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။ ရန်ကုန်-စစ်တွေ ကားလမ်းမှာ မိုးရာသီ လမ်းတံတားခံနိုင်ဝန်အရ (၂၂) ဘီးကုန်ကားကြီးများ သွားလာနိုင်မှုမရှိဘဲ(၁၂)ဘီးနှင့် (၆)ဘီးယာဉ်များသာ သွားလာနိုင်ကြောင်း သိရှိရပါသည်။ မြန်မာ-ဘင်္ဂလား ဒေ့ရှ်နှစ်နိုင်ငံအကြား ရေမိုင် (၇၀)ခန့် ကွာဝေးသော်လည်း ကုန်သွယ်မှုလမ်းကြောင်း အခြေအနေမှာ မိုးရာသီကာလအတွင်း ပင်လယ်ပြင် ရာသီဥတုအခြေအနေပေါ် မူတည်၍ကုန်တင်လှေများ သွားလာလျက် ရှိပါသည်။

၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့မှ (၁၃)ရက်နေ့အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရွှေပေါက်ဈေးမှာ (၁) အောင်စလျှင် (2၁၃၄၃၈.၀၀) တာကာနှင့် အခြေခံစားကုန်ဈေးနှုန်းများမှာ ဆန်(အဖြူ) (၁) ကီလို (၇၅.၀၀)တာကာ၊ ကြက်သွန်နီ (၁)ကီလို (၇၅.၀၀) တာကာ၊ အာလူး (၁)ကီလို (၄၅.၀၀) တာကာ၊ ခရမ်းချဉ်သီး (၁)ကီလို (၁၅၀.၀၀) တာကာ၊ ကြက်သား (၁)ကီလို (၂၉၀.၀၀) တာကာ၊ ကြက်ဥ(၁) ဒါဇင်(၁၅၅.၀၀)တာကာ ဈေးရှိကြောင်း သိရှိရပါသည်။ အဆိုပါနေ့ရက်အတွင်း ငွေလဲနှုန်းမှာ (၁)တာကာ လျှင် (၂၈.၃၀) ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်၎င်းတို့နိုင်ငံ၏ လယ်ယာလုပ်ငန်း လုပ်ကိုင်သူများအတွက် အဓိကထား ထုတ်လုပ်လျက်ရှိသည့် ဓာတ်မြေသြဇာ တင်ပို့မှုကိုတင်းကြပ်စွာ တားဆီးပိတ်ပင်လျက်ရှိကြောင်း ကုန်သည် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News