Local News

မော်လမြိုင်ကုန်စည်ဒိုင်၏ တစ်ပတ်အတွင်း ပဲမျိုးစုံ ဈေးနှုန်းပြောင်းလဲမှု

Last Updated:

၂၀၂၆ ဇူလိုင်လ ၉ ရက်နေ့နှင့် ၂၀၂၆ ဇူလိုင်လ ၁၆ ရက်နေ့ မော်လမြိုင်ကုန်စည်ဒိုင်၏ ပဲမျိုးစုံတစ်တင်းဈေးနှုန်း တစ်ပတ်အတွင်း ဈေးနှုန်းပြောင်းလဲမှု အခြေအနေများမှာ ဇူလိုင် ၁၆ ရက်နေ့တွင် ၂၀ ပိဿာဝင် ပဲမျိုးစုံတစ်တင်းဈေးနှုန်းမှာ ပဲတီစိမ်း(ရွှေဝါ) ၁၁၀၀၀၀ ကျပ် ၊ ပဲတီစိမ်း ၁၀၈၀၀၀ ကျပ် ၊ မတ်ပဲ ၁၁၃၀၀၀ ကျပ် ၊ ပဲလွန်းဖြူ ၇၆၀၀၀ ကျပ် ၊ ဘိုကိတ် ၇၀၀၀၀ ကျပ် ၊ ပဲပုပ် (အသစ်) ၁၅၂၀၀၀ ကျပ် ၊ မြေပဲ ၂၁၇၀၀၀ ကျပ် အသီးသီး ဖြစ်ပေါ်ခဲ့သည့်အတွက် ယခင်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ပဲတီစိမ်းတစ်တင်း ၇၀၀၀ ကျပ် ဈေးကျသော်လည်း မတ်ပဲ တစ်တင်း ၈၀၀၀ ကျပ် နှင့် မြေပဲ တစ်တင်း ၂၀၀၀ ကျပ် ဈေးတက်နေပြီး ပဲလွန်းဖြူ၊ ဘိုကိတ်နှင့် ပဲပုပ်(အသစ်) တို့ စျေးငြိမ်​နေကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News