၂၀၂၆ ဇူလိုင်လ ၁၄ ရက် မော်လမြိုင်ကုန်စည်ဒိုင်၏ ရေထွက်ကုန်နှင့် ရေချိုပုစွန်ထုပ် တစ်ပိဿာပေါက်ဈေးနှုန်းများမှာ ငါးတန် ကျပ် ၇၈၀၀၊ ငါးခုံးမ ကျပ် ၆၁၀၀၊ ငါးကြင်း ကျပ် ၁၁၂၀၀၊ ငါးကြင်းဖြူ(ဗိုက်ခွဲ)ကျပ် ၂၁၈၀၀၊ ပါကူး ကျပ် ၉၈၀၀၊ တီလားဗီးယား ကျပ် ၁၃၅၀၀၊ ပလာတူး ကျပ် ၈၇၀၀၊ ပလာလန်း ကျပ် ၁၁၅၀၀၊ ရွှေငါး ကျပ် ၈၈၀၀၊ ငါးနှပ် ကျပ် ၅၀၀၀ ၊ ငါးကွန်းရှပ် ကျပ် ၁၄၃၀၀၊ ငါးရွေးကြီး ကျပ် ၁၃၃၀၀ နှင့် ရေချို ပုစွန်ထုပ်(စိမ်း)အကြီး ကျပ် ၈၂၀၀၀၊ အလတ် ကျပ် ၇၃၅၀၀၊ အငယ် ၅၄၀၀၀ ကျပ် ဖြစ်ပေါ်ခဲ့ပါသည်။ ယခင်ပတ်တစ်ပိဿာ ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ရေထွက်ကုန်များနှင့် ရေချိုပုစွန်ထုပ်များ ဈေးနှုန်း အတက်/အကျ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ် လျက်ရှိကြောင်း သတင်းရရှိသည်။
မွန်ပြည်နယ်ဦးစီးမှူးရုံး