Local News

ဘားအံမြို့ပေါ် ဈေးကြီးများတွင်ရောင်းချလျက်ရှိသော ခရမ်းချဉ်သီးဈေးနှုန်းအခြေအနေ

Last Updated:

၂၀၂၄ ခုနှစ်၊ ပွင့်လင်းရာသီ ဖေဖော်ဝါရီလတွင် ကရင်ပြည်နယ်ဒေသထွက် ဘားအံမြို့ပေါ် ဈေးကြီးများရှိ ခရမ်းချဉ်သီး ဈေးနှုန်းအနည်းငယ်ကျနေကြောင်း သတင်းရရှိသည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်နှင့်တတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သောခရမ်းချဉ်သီး အလုံးအကြီး/အသေး မူတည်၍ဖြစ်ပေါ်သည့် ဈေးနှုန်းများမှာ ဖေဖော်ဝါရီလ ပထမပတ် ဘားအံမြို့ မြို့မဈေးတွင် ခရမ်းချဉ်သီး အလုံးအကြီးဈေးနှုန်း တစ်ပိဿာလျှင် (၁၈၀၀၊ ၁၆၀၀) ကျပ်၊ အလုံးသေးဈေးနှုန်း တစ်ပိဿာ (၁၂၀၀၊ ၁၀၀၀) ကျပ်၊ ဘားအံမြို့ ရေပေါ်ဈေးတွင် ခရမ်းချဉ်သီးအလုံးအကြီးဈေးနှုန်း တစ်ပိဿာလျှင် (၁၇၀၀၊ ၁၆၀၀) ကျပ်၊ အလုံးသေးဈေးနှုန်း တစ်ပိဿာ (၁၂၀၀၊ ၁၀၀၀) ကျပ်၊ ဘားအံမြို့ မဲဘောင်ဈေးတွင် ခရမ်းချဉ်သီး အလုံးအကြီးဈေးနှုန်း တစ်ပိဿာလျှင် (၂၂၀၀၊ ၂၀၀၀) ကျပ်၊ အလုံးသေးဈေးနှုန်း တစ်ပိဿာ (၁၇၀၀၊ ၁၅၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်‌ဖြစ်လျက်ရှိကြောင်း သိရပါသည်။

ယခုတတိယပတ် ဘားအံမြို့ မြို့မဈေးတွင် ခရမ်းချဉ်သီး အလုံးအကြီးဈေးနှုန်း တစ်ပိဿာလျှင် (၁၅၀၀၊ ၁၂၀၀) ကျပ်၊ အလုံးသေးဈေးနှုန်း တစ်ပိဿာ (၁၀၀၀၊ ၈၀၀) ကျပ်၊ ဘားအံမြို့ ရေပေါ်ဈေးတွင် ခရမ်းချဉ်သီး  အလုံးအကြီးဈေးနှုန်း တစ်ပိဿာလျှင် (၁၅၀၀၊ ၁၂၀၀) ကျပ်၊ အလုံးသေးဈေးနှုန်း တစ်ပိဿာ ၈၀၀ ကျပ်၊ ဘားအံမြို့ မဲဘောင်ဈေးတွင် ခရမ်းချဉ်သီး အလုံးအကြီးဈေးနှုန်း တစ်ပိဿာလျှင် (၁၈၀၀၊ ၁၆၀၀) ကျပ်၊ အလုံးသေးဈေးနှုန်း တစ်ပိဿာ (၁၂၀၀၊ ၁၀၀၀) ကျပ်တို့ဖြင့် အရောင်းဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။  

ကရင်ပြည်နယ်ဒေသအတွင်း ဖြစ်ပေါ်နေသော ပထမပတ်နှင့်တတိယပတ် ဈေးနှုန်းနှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင်း ခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်ကျနေသည်ကို တွေ့ရှိရပြီး ယခုလို ခရမ်းချဉ်သီးဈေးနှုန်းကျရခြင်းမှာ ပွင့်လင်းရာသီဖြစ်၍ စိုက်ပျိုးယာခင်းမှ လှိုင်လှိုင်ထွက်ရှိခြင်းနှင့် ခရမ်းချဉ်သီးများ ဈေးပေါပေါဖြင့် ဝင်ရောက်လာခြင်းတို့ကြောင့်ဖြစ်ကြောင်း သတင်းရရှိပါသည် ။

Source: https://www.doca.gov.mm

Category: Local News