ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံများတွင် ဖေဖော်ဝါရီလ စတုတ္တပတ်မှ ယခု မတ်လ တတိယပတ်အထိ အရောင်းအဝယ် ဖြစ်နေသော မတ်ပဲ ဈေးနှုန်းမှာ အတက်အကျအနည်းငယ်သာရှိပြီး အရောင်းအဝယ်ဖြစ်နေသည်ကို တွေ့ရပါသည်။ ယခင် ဖေဖော်ဝါရီလ တတိယပတ်တွင် အရောင်းအဝယ် ဖြစ်ခဲ့သော မတ်ပဲဈေးနှုန်းမှာ ပိဿာ (၂၀) တစ်တင်းလျှင် (၈၅၀၀၀ ကျပ်မှ ၉၅၀၀၀ ကျပ်)နှုန်းဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး စတုတ္တပတ်တွင် (၉၇၆၀၀-ကျပ်မှ ၉၇၈၀၀-ကျပ်) အထိဈေးမြင့်တက်ခဲ့ပါသည်။
ယခုမတ်လ ပထမပတ် အဖွင့်ဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၉၇၈၀၀-ကျပ် မှ ၉၈၁၀၀-ကျပ်)ထိဈေးနှုန်းမြင့်တက်ခဲ့ပြီး ဒုတိယပတ်တွင်လည်း ဈေးများဆက်လက်မြင့်တက်လျက် ရှိပြီး (၉၈၃၀၀-ကျပ်မှ ၁၀၀၀၀၀)ကျပ် ဈေးဖြင့် ရောင်းဝယ်ခဲ့ပါသည်။ ယခု တတိယပတ်တွင်လည်း ဈေးနှုန်းများအတက်အကျ အနည်းငယ်ရှိနေပြီး ပိဿာ (၂၀)တစ်တင်းကို (၉၇၃၀၀-ကျပ်မှ ၉၈၀၀၀-ကျပ်)အတွင်းသာ အရောင်းအဝယ်ဖြစ်နေသည်ကို လေ့လာသိရှိရပါသည်။
Source: https://www.doca.gov.mm