International News

တရုတ်ကုမ္ပဏီတစ်ခုမှ ဘင်္ဂလားဒေ့ရှ် စီးပွားရေးဇုန်တွင် တန်ဖိုးကြီး အထည်များထုတ်လုပ်သွားမည်

Last Updated:

တရုတ်ကုမ္ပဏီ Safety Garments Bangladesh Co.Ltd သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း တန်ဖိုးကြီးအထည်ချုပ်လုပ်ငန်းတည်ထောင်ရန်စီစဉ်နေကြောင်း ဘင်္ဂလားဒေ့ရှ်ပို့ကုန် စီမံဆောင်ရွက် ရေးဇုန်များအာဏာပိုင်အဖွဲ့ (BEPZA) မှ မတ်လ ၁၇ ရက်နေ့ကထုတ်ပြန်ခဲ့သည်။ ကုမ္ပဏီသည် BEPZA စီးပွားရေးဇုန်တွင် ၄င်း၏ အထည်ချုပ်ရုံတည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ ၁၂.၂၅ သန်းရင်းနှီးမြုပ်နှံရန် BEPZA နှင့်သဘောတူခဲ့သည်။

တရုကုမ္ပဏီသည် ရောင်ပြန်အင်္ကျီများ၊ တီရှပ်များ၊ လည်သာအင်္ကျီများ၊ စက်ရုံဝတ်စုံများနှင့် လုံခြုံရေးဦးထုတ်များအပါအဝင် တန်ဖိုးကြီးအထည်ချုပ်ပစ္စည်များကို နှစ်စဉ်သန်းခန့်ချီ၍ ထုတ်လုပ်သွားမည်ဖြစ်သည်။ ဒေသခံ ၂၀၀၀ နီးပါးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရသိရှိရပါသည်။

Source: Xinhua

Source: https://www.doca.gov.mm

Category: International News