Local News

မအူပင်မြို့နယ်တွင် ရှမ်းပြည်နယ်မှ ဝင်ရောက်လာသည့် ကြက်သွန်ဖြူများ အရောင်းအဝယ်ကောင်းမွန်နေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် စားသောက်ကုန်ဈေးကွက်တွင် ရှမ်းပြည်နယ်မှဝင်ရောက်လာသည့် ကြက်သွန်ဖြူများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ မအူပင်မြို့နယ် စားသောက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုလှိုင်က ပြောပြ၍ သိရသည်။ မအူပင်မြို့နယ်အတွင်း ရှမ်းပြည်နယ်မှ ကြက်သွန်ဖြူများ ဝင်ရောက်လျက်ရှိကြောင်း၊ ပြီးခဲ့သည့်ဇူလိုင်လက ရှမ်းပြည်နယ်မှဝင်ရောက်လာသည့် ကြက်သွန်ဖြူတစ်ရက်လျှင် ပိဿာချိန် ၄၀၀ ထိသာ အ‌ရောင်းအဝယ်ရှိခဲ့ပြီး ဩဂုတ်လပထမပတ်မှ ဩဂုတ်လ ၂၀ ရက်နေ့ထိ တစ်ရက်လျှင် ကြက်သွန်ဖြူပိဿာချိန် ၆၅၀ ထိ အရောင်းအဝယ်ကောင်းမွန်လာကြောင်း သိရသည်။

“ကြက်သွန်ဖြူက ဩဂုတ်လပထမပတ်လောက်ကတည်းက အရောင်းအဝယ်ကောင်းနေတာပါ။ လက်ရှိမှာ မအူပင်မြို့နယ်ကို ရှမ်းပြည်နယ်ကနေထွက်တဲ့ ကြက်သွန်ဖြူတွေ ပုံမှန်ဝင်ရောက်လျက်ရှိပါတယ်။ လက်ရှိမှာ ကြက်သွန်ဖြူ တစ်ပိဿာကို ငွေကျပ် ၉၅၀၀ ကနေ ၁၁၀၀၀ ထိ ပေါက်ဈေးရှိနေပါတယ်” ဟု မအူပင်မြို့နယ် စားသောက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုလှိုင်က ပြောပြသည်။

မအူပင်မြို့နယ် စားသောက်ကုန်ရောင်းဝယ်ရေးနှင့် ကြက်သွန်ဖြူပွဲရုံများသို့ တစ်ရက်လျှင် ကြက်သွန်ဖြူပိဿာချိန် ၁၅၀၀ မှ ၅၀၀၀ ထိ ဝင်ရောက်နေကြောင်း၊ အဆိုပါ ရှမ်းပြည်နယ်မှ ဝင်ရောက်လာသည့် ကြက်သွန်ဖြူများ အ‌ရောင်းအဝယ်ကောင်းမွန်လာသည့်အတွက် ကုန်သည်များ၊ ကုန်တင်ယာဉ် အငှားလိုက်သူများ၊ လုပ်သားများ၊ ပွဲရုံလုပ်ငန်းရှင်များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News