International News

ပိုလန်သည် တရုတ်နိုင်ငံကိုကျော်ကာ ဂျာမန်ထုတ်ကုန်များရောင်းချသည့် ဈေးကွက်တစ်ခုဖြစ်လာ

Last Updated:

ဂျာမဏီနိုင်ငံ၏ ပို့ကုန်လုပ်ငန်းရှင်များသည် ယခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံထက် ပိုလန်နိုင်ငံသို့ ကုန်ပစ္စည်းပိုမိုရောင်းချခဲ့ကြောင်း သြဂုတ် ၁၆ရက်နေ့တွင်ပြုလုပ်ခဲ့သော လေ့လာဆန်းစစ်မှုတစ်ခုအရသိရသည်။ ဂျာမဏီနှင့် အရှေ့ဥရောပနိုင်ငံများကြား ကုန်သွယ်မှုကိုမြင့်တင်ရန်ရည်ရွယ်သည့် စည်းရုံးရေးအဖွဲ့ဖြစ်သည့် အရှေ့ဥရောပစီးပွားရေးဆက်ဆံရေး ကော်မတီ ၏အချက်အလက်များအရ ပိုလန်သို့ ဂျာမဏီမှ ကုန်ပစ္စည်းတင်ပို့မှုသည် ၄.၆ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ယခုနှစ်၏ ပထမခြောက်လတွင်း ယူရို ၄၈.၄ ဘီလီယံ(ဒေါ်လာ ၅၃.၂ ဘီလီယံ)ရှိကြောင်းပြသခဲ့သည်။

ဆန့်ကျင်ဘက်အားဖြင့် ဂျာမဏီနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်များ၏တင်ပို့မှုသည် ယခင်နှစ်အလားတူကာလနှင့်နှိုင်ယှဉ်ပါ ၄၈.၂ ဘီလီယံအထိ ၂.၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဂျာမန်စာရင်းအင်းရုံးမှ ပမာဏအချက်အလက်များကိုအခြေခံထားသော အစီရင်ခံစာအရသိရသည်။ ထို့ကြောင့် ပိုလန်သည် ဂျာမန်ပို့ကုန်လုပ်ငန်းများအတွက် အရေးကြီးဆုံးအရောင်းဈေးကွက်များအနက် စတုတ္ထနေရာသို့ရောက်လာခဲ့ပြီး တရုတ်နိုင်ငံသည် ပဥ္စမနေရာသို့ကျဆင်းသွားခဲ့သည်။ ကိန်းဂဏန်းများအရ ဂျာမဏီနိုင်ငံ၏ပြည်ပသို့ ပို့ကုန်တင်ပို့မှုစုစုပေါင်းမှာ လျော့ကျသွားခဲ့သော်လည်း ၎င်းစုစုပေါင်းမှ အ‌ရှေ့ဥရောပသို့တင်ပို့မှုမှာ ယူရို၁၄၅ယီလီယံအထိ အနည်းငယ်တိုးလာခဲ့ကြောင်းသိရသည်။

Source: fish farming expert

Source: https://www.doca.gov.mm

Category: International News