Local News

ကော့သောင်းကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့တို့ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၁၁၇၆)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁.၂၇)သန်း ဖြစ်ရာ စုစုပေါင်းကုန်သွယ်မှု ပမာဏမှာ (၁.၂၇) ဒေါ်လာသန်းဖြစ်ပါ သည်။ အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း (၁၀) မျိုးမှာ စက်ကလပ်ငါးတန်ချိန် (၁၅.၉၂)၊ ပလာလန်းငါး တန်ချိန်(၁၈.၀၈၀)၊ ငါးဆင်နင်း တန်ချိန် (၁.၄၄)၊ ငါးနီငယ် တန်ချိန် (၁၂၆.၀၉)၊ ဘေးဝါငါး တန်ချိန် (၄၄.၇၅၅)၊ ငါးလူးစီ တန်ချိန် (၆.၈၈)၊ တာဝမ်ငါးတန်ချိန် (၄၅.၄၆၀)၊ ပလာတူးငါး တန်ချိန် (၃၃.၅၅)၊ ပုစွန် တန်ချိန် (၂.၂၂၀) နှင့် ကဏန်းတန်ချိန် (၄.၁၀) တို့ဖြစ်သည်။

စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၃၀၅၀) ကျပ်နှင့် ဒီဇယ် ၁ ဂါလံလျှင် (၁၃၀၅၀) ကျပ်ဖြစ်သည်။ ၂၀-၉-၂၀၂၃ ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် (၁၀၄၇) ဘတ်၊ (၁) ဘတ်လျှင် မြန်မာငွေ (၉၅.၅၀) ကျပ်ဖြစ်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News