Local News

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် ၁၉-၉-၂၀၂၃ ရက်နေ့တွင် ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၉၀၃)သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၂.၃၀၅)သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၃.၂၀၈) သန်း ဆောင်ရွက်နိုင်ခဲ့သည်။ အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငါးရှဉ့် (၅၀.၀၀) တန်၊ ခဲသွပ်အရောသတ္တု (၁၉၁.၀၀) တန်၊ ရေခဲပုစွန် (၆.၈၀) တန်၊ ကြေးနီ (၃၄.၀၀) တန်၊ ကဏန်း (၂၂.၀၃) တန်၊ ကြက်သွန်နီ (၁၁၇.၅၀) တန်၊ မြေထောက်ပဲ (၃၄.၀၀) တန်၊ ဆန် (၁၀၁.၅၀) တန်၊ သကာရည် (၁၂၇.၀၀) တန်နှင့် ဆန်ကွဲ (၁၀၅.၅၀) တန်တို့ဖြစ်သည်။

အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ၊ SKD စနစ်ဖြင့် တင်သွင်းသည့် မော်တော်ဆိုင်ကယ်အပိုပစ္စည်း၊ ဒီဇယ်ဆီ၊ ဓာတ်ဆီ၊ ကာဗွန်မှုန့်၊ သံဘောင်၊ စတီးပြား၊ ကြက်သံလှောင်အိမ်၊ ဘတ္ထရီနှင့် ဖလင်ပြားတို့ဖြစ်သည်။

Source: https://commerce.gov.mm

Category: Local News