Local News

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ ပန်းဂေါ်ဖီ(ခေါ်) ပန်းမုန်လာများ ထွက်ပေါ်၍ အကျိုးအမြတ်ရရှိ

Last Updated:

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်ရှိ မိုင်းလပ်၊ မိုင်းဇင်း၊ ကတ်ထိုက်၊ လွယ်လုံ၊ ကတ်ဖ စသည့် ကျေးရွာအုပ်စုများတွင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး ပန်းဂေါ်ဖီကို စီးပွားဖြစ် စိုက်ပျိုးကြကြောင်း၊ ပန်းဂေါ်ဖီကို ရာသီမရွေး စိုက်ပျိုးနိုင်ပြီး ဆောင်းရာသီ၌ အများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။ ပန်းဂေါ်ဖီကို အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုးကြပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် ထွက်ပေါ်ကြောင်း၊ ပန်းဂေါ်ဖီ စိုက်ပျိုးရာတွင် မြေကို ထွန်ယက်၍ ပေါင်ခတ်စနစ်ဖြင့် စိုက်ပျိုးကြပြီး မျိုး၊ ထွန်ယက်ခ၊ သယ်ယူပို့ဆောင်ခ၊ သွင်းအားစုနှင့် လုပ်အားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁၉ သိန်းခန့် ကုန်ကျကြောင်း၊ ဈေးကွက်အနေဖြင့် ထွက်ရှိသော ပန်းဂေါ်ဖီများကို ကျိုင်းတုံမြို့မဈေး၊ ယန်းခန်းဈေး၊ နောင်ကွမ်ဈေးတို့သို့ တင်ပို့ရောင်းချကြကြောင်း ပန်းဂေါ်ဖီစိုက်တောင်သူများထံမှ သိရှိရသည်။

Source: ကြေးမုံသတင်းစာ

Category: Local News