Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်းတင်သွင်းမှုအခြေအနေ

Last Updated:

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသောပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ ၂၀၂၄ ခုနှစ်၊မတ်လကုန်သွယ်မှုလျာထားချက်မှာအမေရိကန်ဒေါ်လာ (၂၄.၅၀၀) သန်းဖြစ်ပြီး (၁၈-၃-၂၀၂၄)ရက်နေ့ထိအမှန်ဆောင်ရွက်နိုင်မှုမှာ (၂၁.၇၈၈)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့သဖြင့် လျာထားချက်အပေါ် (၈၈.၉၃၁ % ) ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ မတ်လ၁၇ရက်နေ့မှ ၁၈ရက်နေ့အထိ ပို့ကုန်တန်ချိန် (၄၇၆၉.၃၇၉)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၂.၃၅၅)သန်းနှင့်သွင်းကုန်တန်ချိန်(၃၆၇.၆၃၈)တန်၊ (၅၃၅)U၊ (၁၀၅၃၀၀)2U၊ (၁၅၀၀)BBL၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၄၈၁)သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာအမေရိကန်ဒေါ်လာ(၂.၈၃၆) သန်းဖြစ်ပါသည်။

ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ ရေထွက်ကုန်ပစ္စည်းအုပ်စုတွင် (၂၀၈၀.၁၇၉)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁.၇၄၃)သန်း၊ လယ်ယာထွက်ကုန်ပစ္စည်းအုပ်စုတွင် (၂၆၁၂.၀၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၆၀၄)သန်းနှင့် အခြားပစ္စည်းအုပ်စုတွင်(၇၇.၂၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၀၀၈)သန်းတင်ပို့နိုင်ခဲ့ပါသည်။ ပို့ကုန် တိုးမြှင့်ရေးအဓိကဆောင်ရွက်လျက်ရှိရာ ပြောင်းသီးနှံအားတစ်ဘက်ထိုင်းနိုင်ငံမှ Quota  ကာလအနေဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ(၁)ရက်မှ ဩဂုတ်လ (၃၁)ရက်နေ့အထိခွင့်ပြုထားသဖြင့် မိမိနိုင်ငံထွက်ပြောင်းများကိုပင်လယ်ရေကြောင်းရန်ကုန်ဆိပ်ကမ်းများမှတစ်ဆင့် ရနောင်းဆိပ်ကမ်းသို့ တိုက်ရိုက်တင်ပို့လျက်ရှိသကဲ့သို့ နယ်စပ်လမ်းကြောင်းကော့သောင်းမှတစ်ဆင့် တင်ပို့မှုများလည်းဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ မတ်လ(၁၈) ရက်နေ့အထိနယ်စပ်ကုန်သွယ်မှုအနေဖြင့် ကော့သောင်းမှရနောင်းသို့ ပြောင်းတန်ချိန်(၅၈၄၄.၀၀) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁.၃၄၇)သန်းအားတင်ပို့နိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News