Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ကုန်ကုန်သွယ်မှုအခြေအနေ

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဧပြီလ မှ မတ်လ ၁၈ ရက်ထိ) ပို့ကုန် ကန်ဒေါ်လာ (၅၆.၈၂၃) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၁၀၃.၆၃၅)  သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ(၁၆၀.၄၅၈) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ (၁၈-၃-၂၀၂၄) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း (၂,၄၇၄.၃၁၈) တန်၊ တန်ဖိုး (၀.၅၆၄) ဒေါ်လာသန်း၊ ထောပတ်သီး (၇.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ ကြက်သွန်နီ (၁၁၉.၇၅၀) တန်၊ တန်ဖိုး (၀.၀၆၂) ဒေါ်လာသန်း၊ လိမ္မော်သီး (၁၃.၂၀၀) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ လက်ဖက်ခြောက် (၁၆.၈၀၀)တန်၊ (၀.၀၀၉)ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ (၄၂.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၆၄၆) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၁၈-၃-၂၀၂၄) ရက်နေ့တွင် ကျပ်(၁)သိန်းလျှင် (၉၇၅) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိပြီး (၁၈-၃-၂၀၂၄) ရက်တွင် ဒီဇယ် (၀.၀၂၉)ဒေါ်လာသန်း၊ ဓာတ်ဆီ (၀.၀၉၀)​ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၀၅၀) ဒေါ်လာသန်း၊ မီးခံအုတ်​(၀.၀၂၇) ဒေါ်လာသန်း၊ သံဘောင် (၀.၀၁၁) ဒေါ်လာသန်း၊ သံပိုက် (၀.၀၁၀) ဒေါ်လာသန်း၊ ဘိလပ်မြေမျက်နှာကျက်ပြား (၀.၀၀၈) ဒေါ်လာသန်း၊ ကြွေပြား (၀.၀၀၈) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၁၃၂) ဒေါ်လာသန်း အပါအဝင် (၀.၃၆၅) ဒေါ်လာသန်း တင်သွင်းခဲ့ပါ သည်။

Source: https://commerce.gov.mm

Category: Local News