Local News

လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၄ ခုနှစ်၊ မတ်လ ၉ ရက်မှ ၁၅  ရက်နေ့များအတွင်း တင်ပို့ခဲ့သော ပို့ကုန်၏ ငွေပမာဏစုစုပေါင်းတန်ဖိုးမှာ ၂၂၃၁၅၇၀၀.၉၀၀ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပြီး၊ သွင်းကုန်၏စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ၁၇၀၂၃၉၆.၅၅၀ ကန်ဒေါ်လာ တင်သွင်းမှုရှိခဲ့ ပါသည်။
တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ မြေထောက်ပဲ၊ ပဲယင်း၊ ငရုတ်သီး ခြောက်၊ ဖရဲသီး၊ ဆန်ကွဲ၊ ထောပတ်ပဲ၊ ဆန်၊ ကြက်သွန်နီ၊ ပဲကြီး၊ မြေပဲ၊ ဖရုံသီး၊ မကျည်းသီးစေ့ပါနှင့် IRON CONCENTRADE များ တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏသည် ၁၃၃၅၈၅၀၀.၀၀၀ ကန်ဒေါ်လာဖြစ်ပြီး၊ ကံပိုင်တည်နယ်စပ်ကုန်သွယ်‌ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏတန်ဖိုးမှာ ၈၉၅၇၂၀၀.၉၄၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။
သွင်းကုန်ပစ္စည်းများမှာ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ဓာတုဗေဒပစ္စည်းများ၊ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ချည်ထည်များ၊ ကုန်ထုတ်စက္ကူများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ အခြားစက္ကူများ၊ သံပိုက်၊ ကားတာယာနှင့် မြက်ခင်းတုများ တင်သွင်းမှုရှိခဲ့ပါသည်။ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၄၆၃၃၆၄.၈၈၀ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၁၂၃၉၀၃၁. ၆၇၀ တင်သွင်းမှုရှိခဲ့ပါသည်။

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး
 

Category: Local News