Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

မတ်လ တတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင် အရောင်းအဝယ်ဖြစ်လျက်ရှိသော လယ်ယာထွက်ကုန်သီးနှံများဖြစ်သော ပြောင်းနီဈေးငြိမ်၍ ဂျုံဖြူသန့်၊ ဂျုံထွက်တိုး၊ ပဲနီလုံးကြား၊ ပဲနီလုံးရိုးရိုး၊ ပဲကြီး၊ ပဲလွန်းပြာ၊ မတ်ပဲ၊ ပုဂံပဲ၊ ပဲတီစိမ်းသေး၊ ပဲစင်းငုံ၊ ပဲယင်းဝါ၊ ပြောင်းဖူးစေ့၊ ကုလားပဲဖြူလုံးကြီး၊ ကုလားပဲဖြူလုံးသေး၊ ကုလားပဲ 929 ဈေးနှုန်းများ ကျဆင်းနေကြောင်းသိရသည်။ ယခုတစ်ပတ်အတွင်း သီးနှံတစ်တင်းပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၅၂၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၄၆၀၀၀)ကျပ်၊ ပဲကြီး (၇၅၅၀၀-၇၈၅၀၀)ကျပ်၊ မတ်ပဲ(၈၄၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၄၈၀၀၀-၅၀၀၀၀)ကျပ်၊ ပဲစင်းငုံ (၁၁၄၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၄၅၀၀၀)ကျပ်၊ ပဲနီလုံးကြား (၄၈၀၀၀) ကျပ်၊ ပဲယင်းဝါ (၅၈၀၀၀)ကျပ်၊ ပုဂံပဲ (၉၀၀၀၀-၉၂၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၁၅၀၀၀)ကျပ်၊ ပြောင်းနီ (၂၂၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးကြီး (၇၉၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၈၀၅၀၀)ကျပ်၊ ကုလားပဲ 929 (၇၇၅၀၀) ကျပ်၊ ပဲလွန်းပြာ (၅၈၀၀၀)ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။ ယခင်အပတ် ကာလတူအချိန်ပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၅၄၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၄၇၀၀၀)ကျပ်၊ ပဲကြီး (၈၈၀၀၀-၉၁၀၀၀)ကျပ်၊ မတ်ပဲ (၈၉၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၄၈၀၀၀) ကျပ်၊ ပဲစင်းငုံ (၁၂၀၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၁၀၀၀) ကျပ်၊ ပဲနီလုံးကြား (၅၈၅၀၀) ကျပ်၊ ပဲယင်းဝါ (၆၂၀၀၀)ကျပ်၊ ပုဂံပဲ (၉၂၅၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၁၅၈၀၀)ကျပ်၊ ပြောင်းနီ (၂၂၀၀၀) ကျပ်၊ ကုလားဖြူလုံးကြီး (၈၃၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၈၄၀၀၀)ကျပ်၊ ကုလားပဲ 929 (၈၂၅၀၀)ကျပ်၊  ပဲလွန်းပြာ (၅၉၀၀၀)ကျပ် ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ဂျုံဖြူသန့် တစ်တင်းလျှင် (၂၀၀၀)ကျပ်၊ ဂျုံထွက်တိုး တစ်တင်း (၁၀၀၀)ကျပ်၊ မတ်ပဲ တစ်တင်းလျှင် (၅၀၀၀)ကျပ်၊ ပဲတီစိမ်းသေး တစ်တင်းလျှင် (၂၀၀၀) ကျပ်၊ ပဲစင်းငုံ တစ်တင်းလျှင် (၆၀၀၀) ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင် (၆၀၀၀)ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင် (၁၀၅၀၀)ကျပ်၊  ပဲယင်းဝါ တစ်တင်းလျှင် (၄၀၀၀)ကျပ်၊ ပုဂံပဲတစ်တင်းလျှင် (၅၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၈၀၀) ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင်(၄၅၀၀) ကျပ်၊ ကုလားပဲဖြူလုံးသေး တစ်တင်းလျှင် (၃၅၀၀)ကျပ်၊ ကုလားပဲ  929 (၅၀၀၀)ကျပ်၊ ပဲကြီး တစ်တင်းလျှင် (၁၂၅၀၀) ကျပ်၊ ပဲလွန်းပြာ တစ်တင်း (၁၀၀၀)ကျပ်နှုန်း ကျဆင်းနေကြောင်းသိရသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News