Local News

ဘားအံမြို့အတွင်း အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိသော ဈေးနှုန်း/ ဈေးကွက်အခြေအနေ

Last Updated:

ကရင်ပြည်နယ်တွင် ၂၀၂၅ ခုနှစ် တတိယပတ်အတွင်း ပဲမျိုးစုံ (၁) ပိဿာ ဈေးနှုန်းမှာ ပဲဖြူလေး ၅၅၀၀ ကျပ်၊ ပဲလွန်းဖြူ ၄၀၀၀ ကျပ်၊ ပဲပုပ် ၆၅၀၀ ကျပ်၊ ဘိုကိတ် ၄၀၀၀ ကျပ်၊ ပဲတီစိမ်းရွှေဝါ ၆၀၀၀ ကျပ်၊ မတ်ပဲ ၅၂၀၀ ကျပ်၊ မြေပဲဆံ ၈၃၀၀ ကျပ်၊ ကိုင်းနှမ်း ၁၀၀၀၀ ကျပ်၊  တောင်ယာနှမ်း ၁၅၀၀၀ ကျပ်နှင့် ပဲနီပြား ၆၀၀၀ ကျပ် ဈေးနှုန်းအသီးသီးဖြစ်ပေါ်နေကြောင်း ဘားအံမြို့၊ မြို့မဈေးရှိ စမ်းသီတာ (ပဲရောင်းဝယ်ရေးလုပ်ငန်း)နှင့် ကမ်းနားလမ်းရှိ (ရွှေကံထူး ပွဲရုံ) တို့မှ သိရှိရပါသည်။ မတ်လဒုတိယပတ်အတွင်း ပဲဖြူလေး ၁ ပိဿာ ၆၀၀၀ ကျပ်၊ ပဲလွန်းဖြူ ၁ ပိဿာ ၄၀၀၀ ကျပ်၊ ပဲပုတ် ၁ ပိဿာ ၆၅၀၀ ကျပ်၊ ဘိုကိတ် ၁ ပိဿာ ၄၀၀၀ ကျပ်၊ ပဲတီရွှေဝါ ၁ ပိဿာ ၅၄၀၀ ကျပ်၊ မတ်ပဲ ၁ ပိဿာ ၅၀၀၀ ကျပ်၊ မြေပဲဆန် ၁ ပိဿာ ၉၀၀၀ ကျပ်၊ ကိုင်းနှမ်း ၁ ပိဿာ ၈၅၀၀ ကျပ်၊ တောင်ယာနှမ်း ၁ ပိဿာ ၁၂၀၀၀ ကျပ် ဈေးနှုန်းရှိပါသဖြင့် ယခုအပတ်နှင့် နှိုင်းယှဉ်ပါက မြေပဲဆန်နှင့်ပဲဖြူလေးမှာ ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး၊ ပဲတီ ရွှေဝါ၊ မတ်ပဲ၊ ကိုင်းနှမ်းနှင့် တောင်ယာနှမ်းတို့မှာ ဈေးအနည်းငယ်စီ မြင့်တက်လာကြောင်းနှင့် ကျန်ပဲမျိုးစုံ ဈေးနှုန်းများ ငြိမ်သက်နေပါကြောင်း ဈေးကွက်စုံစမ်းမှုအရ သိရှိရပါသည်။

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး

    

Category: Local News