၂၀၂၅ မတ်လ တတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်း ပေါက်ဈေးများမှာ မုဒုံမြို့နယ် ရော်ဘာ R.S.S-3 (မှိုင်းခံပြား) တစ်ပေါင် ကျပ် ၃၀၆၀၊ ၂၀ ပိဿာ ဝင် ပဲတစ်တင်း ဈေးနှုန်းများမှာ ပဲတီစိမ်း(ရွှေဝါအသစ်)ကျပ် ၁၀၇၀၀၀၊ ပဲတီစိမ်း(အသစ်) ကျပ် ၉၆၀၀၀၊ မတ်ပဲ ကျပ် ၉၆၂၀၀၊ ပဲလွန်းဖြူ ကျပ် ၇၈၀၀၀၊ ဘိုကိတ် ကျပ် ၇၈၀၀၀၊ ပဲပုပ်(အသစ်) ကျပ် ၁၂၅၀၀၀၊ မြေပဲ ၁၅၈၀၀၀ ကျပ်၊ ရေထွက်ကုန် တစ်ပိဿာ ဈေးနှုန်းမှာ ငါးဒန် ကျပ် ၆၅၀၀၊ ငါးခုံးမ ကျပ် ၅၇၀၀၊ ငါးကြင်း ကျပ် ၉၀၀၀၊ တီလားဗီးယား ကျပ် ၁၂၅၀၀၊ ပလာတူး ကျပ် ၅၅၀၀၊ ပလာလန်း ကျပ် ၆၂၀၀၊ ရွှေငါး ကျပ် ၅၅၀၀၊ ငါးကွန်းရှပ် ကျပ် ၁၆၀၀၀၊ ငါးရွေးကြီး ကျပ် ၁၂၅၀၀၊ ငါးပျက် ကျပ် ၈၅၀၀၊ ရေချိုပုစွန်ထုပ်(စိမ်း)အကြီး ကျပ် ၉၄၀၀၀ ၊ ရေချိုပုစွန်ထုပ်(စိမ်း) အလတ် ကျပ် ၇၅၀၀၀၊ ရေချိုပုဇွန်ထုပ်(စိမ်း)အငယ် ကျပ် ၅၅၀၀၀ အသီးသီး ဖြစ်ပေါ်နေပါသည်။
ယခင်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက R.S.S-3 (မှိုင်းခံပြား)တစ်ပေါင်လျင် ၇၀ ကျပ် ဈေးကျနေကြောင်း၊ ၂၀ ပိဿာဝင် ပဲတစ်တင်း ဈေးနှုန်းတွင် ပဲတီစိမ်း(ရွှေဝါအသစ်)တစ်တင်း ၁၀၀၀ ကျပ်၊ မတ်ပဲတစ်တင်း ၆၀၀ ကျပ် ဈေးတက်နေပြီး မြေပဲတစ်တင်း ၈၀၀၀ ကျပ် ဈေးကျနေကြောင်း၊ ပဲတီစိမ်း(အသစ်)၊ ပဲလွန်းဖြူ၊ ဘိုကိတ် နှင့် ပဲပုတ်စျေးငြိမ်နေကြောင်း၊ ရေထွက်ကုန်နှင့် ရေချိုပုစွန်ထုပ်များမှာ အတက်ဈေးနှုန်းဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး.