International News

ယခုနှစ် ဗီယက်နမ် သစ်သီးဝလံ ကန်ဒေါ်လာ ၄ ဘီလီယံဖိုး တင်ပို့ရန် လျာထား

Last Updated:

    ဗီယက်နမ်နိုင်ငံသည် တရုတ်ဈေးကွက်သို့ ပထမ၃ လပတ်တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ကန်ဒေါ်လာ ၁ ဘီလီယံဖိုးနီးပါး တင်ပို့ခဲ့သည်ဟု ဗီယက်နမ်နိုင်ငံ သစ်သီးဝလံအသင်း Vietnam Fruit Association (Vinafruit) အထွေထွေ အတွင်းရေးမှူး Dang Phuc Nguyen က ပြောကြားသည်။ ဒူရင်း၊ ကန်စွန်းဉ၊ ငှက်ပျောသီးတို့ကို တရုတ်အစိုးရနှင့် စာချုပ်ချုပ်ဆိုပြီး တင်ပို့ခဲ့သည်။ ထို့ပြင် ဒူရင်းသီး အမြောက်အမြား တင်ပို့ခဲ့သည်။ နဂါးမောက်သီး၊ သရက်သီး၊ ဖရဲသီး၊ ပိန္နဲသီးနှင့် ကြက်မောက်သီးတို့ကိုလည်း တင်ပို့ခဲ့သည်။ အခွံစိမ်း ကျွဲကော၊ အုန်းသီးအစိမ်း၊ ထောပတ်သီး၊ သံပုရာ၊ နာနတ်သီးနှင့် သကြားသီးတို့ကိုလည်း တင်ပို့  ခဲ့သည်။ ကျွဲကော်သီးများကို အမေရိကန်သို့ တင်ပို့သည်။ ပင်မှည့်သီးများကို နယူးဇီလန်သို့ တင်ပို့သည်။

     ယခုနှစ်တွင် သစ်သီးဝလံတင်ပို့မှုသည် ကန်ဒေါ်လာ ၄ ဘီလီယံဖိုးအထိရှိမည်ဟု လျာထားသည်ဟု Nguyen က ပြောကြားသည်။ ဗီယက်နမ်နိုင်ငံသည် ယမန်နှစ်က သစ်သီးဝလံတင်ပို့မှုမှ ကန်ဒေါ်လာ ၃.၄ ဘီလီယံ နီးပါး ရရှိခဲ့သည်။ အကြီးမားဆုံး အခက်အခဲမှာ အသိအမှတ်ပြု ကုဒ်အမှတ်ရ စိုက်ခင်းဧရိယာနှင့် ထုပ်ပိုးအလုပ်ရုံ နည်းပါးနေသေးခြင်းဖြစ်သည်ဟု Nguyen က ပြောကြားသည်။ ဗီယက်နမ်နိုင်ငံတွင် ကုဒ်အမှတ် ရရှိထားသော စိုက်ခင်းဧရိယာ ၂၄၆ ခုသာ ရှိသည်။ ကုဒ်အမှတ် ရထားသော ထုပ်ပိုးအလုပ်ရုံ ၁၀၀ ခန့်သာ ရှိသည်။ နှိုင်းယှဉ်ကြည့်မည်ဆိုပါက ထိုင်းနိုင်ငံတွင် ကုဒ်ရထားသည့် စိုက်ခင်းခုရေ ၂ သောင်းဝန်းကျင်နှင့် ကုဒ်ရထားသည့် ထုပ်ပိုးအလုပ်ရုံ ၂,၀၀၀ ဝန်းကျင် ရှိသည်။

Source: https://www.foodindustrydirectory.com.mm/food-industry/fruits-vegetables/item/6206-vietnam-fruit.html
 

Category: International News