International News

အီသီယိုပီးယားနိုင်ငံသည် ကော်ဖီတင်ပို့မှုမှ စံချိန်တင်ဒေါ်လာ ၁.၄ဘီလီယံရရှိ

Last Updated:

မကြာသေးမီက အီသီယိုပီးယားဘဏ္ဍာရေးနှစ်တွင် ကော်ဖီတင်ပို့မှုသည် အီသီယိုးပီးယားဒေါ်လာ ၁.၄၃ ဘီလီယံဝင်ငွေရရှိခဲ့ကြောင်း အစိုးရကပြောကြားခဲ့သည်။ ဇူလိုင်လ ၇ ရက်နေ့ကကုန်ဆုံးသည့် အီသီယိုးပီးယား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ကော်ဖီ ၂၉၈၅၀၀ တန်တင်ပို့ခဲ့ကြောင်း အီသီယိုပီးယားကော်ဖီနှင့် လက်ဖက်ရည်အာဏာပိုင်အဖွဲ့က (ECTA) က အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။

ဇွန်လတွင် ကော်ဖီတန်ချိန် ၄၆၀၀၀ တင်ပို့ခဲ့ပြီး ဝင်ငွေဒေါ်လာ ၂၁၈ သန်းရရှိခဲ့ကြောင်း ECTA ကပြောကြားခဲ့သည်။ အီသီယိုးပီးယားနိုင်ငံသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကော်ဖီတန်ချိန် ၂၄၀၀၀၀ခန့်တင်ပို့ခဲ့ပြီး ဝင်ငွေဒေါ်လာ ၁.၃ သန်းရရှိခဲ့သည်။ ECTA ၏ ဒေတာအချက်အလက်များအရ အီသီယိုးပီးယားနိုင်ငံ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တင်ပို့သည့်ကော်ဖီပမာဏသည် ယခင်ဘဏ္ဍာရေးနှစ်နှင့်နှိုင်းယှဉ်ပါက ၂၀% ခန့်မြင့်တက်လာကြောင်းသိရသည်။

အာရေဗျက ကော်ဖီ၏ ပထမအစဟုသတ်မှတ်ခဲ့ထားရသော အီသီယိုးပီးယားနိုင်ငံသည် အာဖရိကရှိ အကြီးဆုံးကုန်စည်ထုတ်လုပ်တင်ပို့ရောင်းချသော နိုင်ငံဖြစ်သည်။ ကော်ဖီထုတ်လုပ်မှုအားနိုင်ငံ၏ စိုက်ပျိုးရေးကိုဦးဆောင်သော စီးပွားရေးကျောရိုးအဖြစ် ရှုမြင်လျက်ရှိကြသည်။

Source : theeastaFrican

Source: https://www.doca.gov.mm

Category: International News